GeGe (ကိုကို)

1.2K 124 2
                                    

ကားရပ်လိုက်တော့မှ ပတ်ဝန်းကျင်ကို စူးစမ်းမိတော့ ကိုကိုသူ့ကိုခေါ်လာတဲ့နေရာကိုသိရတော့တာ။

"ဘာလို့ ဒီကို..."

"ဆင်း။ ကိုယ်တို့ စကားအေးအေးဆေးဆေးပြောရအောင်"

သူတို့ရောက်နေတဲ့နေရာက ရှောင်းကျန့်ရဲ့ ကွန်ဒိုဖြစ်နေတာမို့ ရိပေါ်က မဆင်းလို။

"ရော် ဆင်းပါဆို။ ကိုကို့ကိုကြောက်နေတာလား ငယ်လေးက ဟမ်"

"ငြိမ်ငြိမ်နေစမ်း ရှောင်းကျန့်! ကျွန်တော့်ကို ပြန်ပို့ပေးရမယ်။ အဲ့ကတိမပေးနိုင်ရင် ကျွန်တော်မဆင်းဘူး" ရိပေါ်ရဲ့ ကလေးဆန်ဆန်စကားကြောင့် ရှောင်းကျန့်ပြုံးမိသွားတယ်။ ဒီကလေးက သူအားသုံးပြီး ပွေ့သွားလိုက်လည်းရတာကိုတော့ မေ့နေပုံရတယ်။

"ဟုတ်ပြီ။ ကိုယ်ကတိပေးတယ်" ကလေးစိတ်ချမ်းသာအောင် ရှောင်းကျန့်ကတိပေးလိုက်တယ်။ သူခေါ်လာတယ်ဆိုတာကလည်း စကားအေးဆေးပြောချင်ရုံသက်သက်ပဲမို့...

_

"ထိုင် ငယ်လေး" TVရှေ့က တစ်ခုတည်းသောဆိုဖာပေါ်မှာ ရိပေါ်ထိုင်လိုက်တယ်။ ရှောင်းကျန့်ကလည်း ရိပေါ်ဘေးဝင်ထိုင်တယ်။ မထိုင်နဲ့လို့ပြောရအောင်ကလည်း ဒါက ရှောင်းကျန့်နေရာဖြစ်နေတဲ့အပြင် ဆိုဖာကလည်းဒီတစ်ခုတည်းရှိတာမို့ မပြောဖြစ်လိုက်။

"ဘာသောက်မလဲ ငယ်လေး။ ဒီမှာတော့ ဘီယာတွေပဲရှိတယ်" ဝင်ထိုင်ပြီးကာမှ ဧည့်ခံဖို့သတိရတဲ့ရှောင်းကျန့်က လောကွတ်တွေချော်တယ်။

"တော်ပါပြီ။ မသောက်တော့ပါဘူး။ ပြောစရာရှိတာ မြန်မြန်လေးပြောပေးပါလား။ ကျွန်တော် အလုပ်ရှိသေးတယ်" ရိပေါ်ရဲ့ နေရခက်ပုံကိုကြည့်ပြီး ရှောင်းကျန့်က သက်ပြင်းခပ်လေးလေးချတယ်။ သူတို့ကြား တကယ်ပဲ ဘာတွေက ဒီလောက်ထိဝေးကွာစေခဲ့သလဲ။

"အလုပ်အတွက်က အရမ်းမပူပါနဲ့လား ငယ်လေးရယ်" စိတ်မကောင်းခြင်းကြီးစွာနဲ့ ရှောင်းကျန့်က ဆိုတယ်။ လိုတရသူဌေးသားလေးဘဝကနေ ဒီလိုလေးပြောနေတာမို တကယ်ကိုစိတ်မကောင်း။

"ပူရမယ်လေ ရှောင်းကျန့်။ ပူကိုပူရမယ်" ရှောင်းကျန့်ရဲ့ စကားကိုဝမ်ရိပေါ်က ခပ်ပြုံးပြုံးလေးကြည့်ပြီး တုန့်ပြန်လာတယ်။ ရှောင်းကျန့်ရင်ထဲ ဆစ်ခနဲနာတယ်။ ကလေးငယ်က အရွဲ့တိုက်တတ်နေပြီ။

GeGe (ကိုကို)Onde histórias criam vida. Descubra agora