Part(4)

502 20 2
                                    

"မ..."
"ပြောလေ ဘာတွေဖြစ်နေရပြန်တာတုန်း Johnny ?"
"မ ကျွန်တော့်ကို ချစ်ရဲ့လား"
"......."
"ကျွန်တော် သိတာပေါ့ မဘယ်သူ့ကိုချစ်လဲဆိုတာ"
"ဟင်... မင်းဘယ်လိုသိသွားတာလဲ Johnny? ဒီမှာ မမ ကိုကြည့် မမ မင်းကိုမလိမ်ချင်ဘူး မင်းပြောတာ မှန်တယ် မမ တစ်စုံတစ်ယောက်ကိုကြိုက်နေတာ အဲ့ဒါက ဘယ်သူဆိုတာ မင်းသိပြီးလောက်ပါပြီ မမ
စိုင်းကိုသဘောကျတယ် စိုင်းကို ၁၀တန်းတက်ကတည်းက ကြိုက်လာခဲ့တာ အခုထိလည်းကြိုက်တယ် မမဘက်ကလည်းအရင်ဆုံး အကြိမ်ကြိမ်ကို ဖွင့်ပြောခဲ့တယ် သူကလည်း အကြိမ်ကြိမ်ကိုငြင်းခဲ့ပါတယ် မင်းပြန်မရောက်ခင် ညကလည်း မမနောက်ဆုံးမေးခဲ့တယ် သူငြင်းခဲ့တယ် မမ မရူးမိုက်ပါဘူးJohnnyရယ် မမသူ့ကိုမေ့နိုင်အောင်ကြိုးစားနေပါတယ် မင်းကိုလည်း မမ ကအခုထိ
မောင်တစ်ယောက်ထက် မေတ္တာမပိုနိုင်ဘူး မင်းမကြိုက်တာကို မမ သိပါတယ် စိတ်ချပါ Johnny ကို မမ ချစ်လာအောင် ကြိုးစားမှာပါ နော် Johnny "
"မ ရယ် ကျွန်တော့်အပြစ်တွေပါ ငယ်ငယ်ကတည်းက ကျွန်တော့်ကိုချစ်ခဲ့တဲ့ မ ကို တစ်ယောက်တည်းထားခဲ့ပြီး ကျွန်တော့်အပေါ်ထားတဲ့ မ အချစ်တွေကို လျော့အောင်လုပ်ခဲ့မိလို့ အခုလို တခြားယောက်ျား
တစ်ယောက်ကို ကြိုက်မိသွားတာပေါ့ အခုကစပြီး ဒီထက် အများကြီးချစ်ပေး ဂရုစိုက်ပေးပါ့မယ် မ ရယ်
မ ကိုအပြစ်မမြင်ရက်ပါဘူး ဘယ်လောက်ပဲဆိုးဆိုး ကျွန်တော်က မ နဲ့တွေ့ရင် အကုန်ကြေပေးပြီးသားပါ"
"ကျေးဇူးပါ Johnny ရယ် မမကို အခုလိုနားလည်ပေးလို့"
"ဟွန့် သူ့ကျ ဒီကကောင်ကြီးက အရာရာ ခွင့်လွှတ် သည်းခံပေးပြီး အလိုလိုက်လိုက်ရတာ သူကတော့ တစ်စက်မှ ဒီကကောင်ကြီးဖြစ်ချင်တာ မမေးဖူးဘူး"
"ဟဟဟ အင်းပါ ဘာဖြစ်ချင်လဲ ပြော ပြောကြည့်လိုက် ခ်ခ်"
"တကယ်နော် ကျွန်တော်နဲ့ တစ်ရက်လောက် ဒိတ်လုပ်ပေးပါ အခုလို ရိုးရိုးမဟုတ်ဘူးနော် ကိုယ့်ကောင်လေး တစ်ယောက်လို တစ်နေကုန်နော်"
"ဟင်......"
"မ အဆင်မပြေရင် ငြင်းလိုက်ပါ ရပါတယ် ဖြေးဖြေးပေါ့ ဇွတ်မလုပ်ပါဘူး"
"အော် ရပါတယ်ရှင် တစ်ရက်ပဲဟာကို Johnny ကြိုက်တဲ့တစ်ရက်ရွေးလိုက်"
"အင်း ဒါဆို ဒီတစ်ပတ် သောကြာဆိုရင်ရော မ"
"အင်း ရတာပေါ့ ကျောင်းပါ ကြိုပို့လုပ်ပေး ဟီးဟီး မပျင်းရတော့ဘူး"
"Ok ဗျာ ချစ်တယ်"

မင်းနဲ့တွေ့မှWhere stories live. Discover now