Part(1)

1.2K 29 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်များ ဇာတ်လမ်းများသည် စာရေးသူ၏ စိတ်ကူးယဉ်မှုသာဖြစ်သည်
အကြောင်းအရာများတိုက်ဆိုင်သွားသည်ရှိသော် ရည်ရွယ်၍ရေးသားခြင်းမဟုတ်ကြောင်း ကြိုတင်အသိပေးပန်ကြားအပ်ပါတယ်ရှင်🥰☺️)

"အမေ အမေ သားကိုမထားခဲ့ပါနဲ့ အမေရယ် မျက်လုံးဖွင့်ကြည့်ပါအုံး သားလေ သား စိုင်းပါ အမေရယ်
အဟင့် ဟင့် အမေ!!!!!!"

အိပ်မက်ဆိုးမှ နိုးထလာသော စိုင်း
အင်္ကျီတွင်လည်း ချွေးများစို့ကာ
စိုင်း တစ်ယောက် သက်ပြင်းချမိသည် "ဟူး.........."
သူ့အတွက်တော့ ဒီအိပ်မက်သည် နေ့တိုင်းနီးပါးလို မက်နေကျမို့ မထူးဆန်းပါ

ဒီနေ့သည် သောကြာနေ့မို့ ကျောင်းတက်ရအုံးမည်ဖြစ်သည်
သူကုတင်ပေါ်မှဆင်းကာ ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်
​တစ်အောင့်ကျ အောက်ထပ်မှ စိုင်းအဖေဖြစ်သူ ဦးစိုင်းသူရ က စိုင်းကိုအော်ခေါ်လေသည်
"သားရေ စိုင်း ထမင်းစားကြရအောင်"
"ဟုတ် အဖေ လာပြီဗျ"
"သား ဒီနေ့ကျောင်းသွားမယ်မလား အဖေလိုက်ပို့မယ်လေ"
"ဟုတ်ကဲ့"

စိုင်းကိုကြည့်ပြီး ဦးစိုင်းသူရ ရင်လေးမိသည်
စိုင်းသည် အမေ မရှိတော့တဲ့နောက်ပိုင်းမှစပြီး လူတိုင်းအပေါ်အေးစက်သွားခဲ့သည်
ဘယ်သူ့ကိုမှမချစ်တတ် အဖေဖြစ်တဲ့သူ့အပေါ်ကိုတောင် အေးစက်နေသည်
သို့သော် သူမဆူရက် စိုင်းစိတ်တိုင်းကျသာ နေခွင့်ပေးလေသည်
အမေ မရှိကတည်းက သူ့အပေါ်အရမ်းဂရုစိုက်တဲ့အဖေ့ကိုလည်း စိုင်းက မဆိုးပါ အေးတိအေးစက်နိုင်
တာလေးတစ်ခုပင် ဒါဟာသူ့အကျင့်လို့ဖြစ်နေလေပြီ
စိုင်းသည် ရုပ်ရည်လေးကလည်းချော မိန်းကလေးများဝိုင်းဝိုင်းလည် ငွေရေးကြေးရေးလည်းပြည့်စုံသည် သုံးသမျှအရာတိုင်းကလည်း နောက်ဆုံးပေါ်တွေချည်း
သို့သော်သူလိုချင်၍ဝယ်ထားခြင်းမဟုတ် သူ့အဖေကအကုန်ဝယ်ပေးခြင်းဖြစ်သည်
မိန်းကလေးများ သူ့အနားတွင်တောက်ချ၍မကုန်အောင်ရှိသော်လည်း စိုင်းစိတ်မဝင်စား
စိုင်းတွင်သူငယ်ချင်းဟူ၍ အိမ့်ချမ်းမြေ့ဆိုသည့် ကောင်မလေးတစ်ယောက်ပင်ရှိသည်
စိုင်းနဲ့အိမ့်က ၈တန်းကတည်းက ခင်လာတဲ့သူငယ်ချင်းတွေဖြစ်သည်
တက္ကသိုလ်အထိလည်း သူတို့၂ယောက်က အတူတူ တတွဲတွဲပင်

မင်းနဲ့တွေ့မှUnde poveștirile trăiesc. Descoperă acum