Extra🙊

775 21 2
                                    

ခမ်းနားကြီးကျယ်လွန်းတဲ့ မင်္ဂလာဆောင်တစ်ခု.....
ဒီနေ့ပွဲရဲ့ မရှိမဖြစ် သတို့သားနဲ့သတို့သမီးကလည်း ခန်းမထဲသို့လျှောက်လှမ်းလို့လာပြီ
နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ကြတဲ့ သူတို့အတွဲကို ကြွရောက်လာကြတဲ့ဧည့်သည်တွေက အားပေးဂုဏ်ပြုပေးနေကြသည်

စိုင်းနဲ့အိမ့်တို့ရဲ့ မင်္ဂလာပွဲပင်ဖြစ်သည်...
ထိုနေ့ပွဲပြီးတော့ ပင်ပန်းလွန်းနေပြီဖြစ်၍ သူတို့ရဲ့ နှစ်ကိုယ်တစ်ဘဝထူထောင်ရာ ကွန်ဒိုရှိရာသို့ပဲပြန်လာဖြစ်ကြသည်
ပျားရည်ဆမ်း ခရီးထွက်ဖို့ပြင်ထားပေမယ့် အိမ့် သွားချင်တဲ့နေရာက အခန်းများမရသဖြင့် ရက်များနောက်ဆုတ်လိုက်ရသည်
ထို့ကြောင့် မင်္ဂလာပွဲပြီးသည့်နောက်တွင် အိမ်သို့သာပြန်လာခဲ့ရခြင်းဖြစ်သည်

အသစ်စက်စက် ဇနီးမောင်နှံ၂ယောက်လည်း ရေမိုးချိုး၍နားနေကြသည်
စိုင်းလည်း အခုဆိုဘွဲ့ရပြီးဖြစ်၍ အဖေဖြစ်သူဦးစိုင်းသူရ၏ ကုမ္ပဏီရုံးခွဲ၌ အလုပ်ဝင်လုပ်ပေးနေပြီဖြစ်သည်
မင်္ဂလာပွဲကို စီစဥ်နေရ၍ မပြီးပြတ်သေးသော အလုပ်များကိုလုပ်ဖို့ဆုံးဖြတ်၍ စာကြည့်ခန်းထဲသို့ဝင်လာလိုက်သည်
အလုပ်လုပ်နေချိန် မကြာခင်မှာဘဲ အိမ့်တစ်ယောက်မျက်နှာငယ်နှင့်ဝင်လာပြီ
အကြောင်းကား အခုမှယူပြီးတာကို သူ့ဂရုမစိုက်ဘဲ အလုပ်လုပ်နေ၍ဖြစ်သည်
"ကို့!! သူများသမီးကို ယူထားပြီးတော့ အခုမှ အလုပ်တွေချည်းလုပ်နေတယ်ပေါ့လေ ရပါတယ် ဒါဆို ဒီည တူတူအိပ်ဖို့မစဥ်းစားနဲ့ သွားပြီ"
"အောတော့် လုပ်ပြီဗျာ ကိုကိုက ပစ်ထားတာမဟုတ်ပါဘူးကွာ ကိိုကိုအလုပ်ကြိုးစားမှ ချစ်လေးလိုချင်တာမှန်သမျှဖြည့်ဆည်းပေးနိုင်မှာပေါ့
ကိုယ့်ကိုသာ ပြောနေတာ ကလေးက ပြီးရင်သုံးလိုက်ဖြုန်းလိုက်တာက အချီကြီးတွေ တစ်ခါတစ်ခါကို"
"ဟွန့် မသိဘူးကွာ မသိဘူး ပိုက်ဆံလည်းရှာ အိမ့်ကိုလည်း ဂရုစိုက်ရမှာပေါ့လို့"
"ဟုတ်ပြီဗျာ ကိုယ် ဒီနေ့ အလုပ်မလုပ်တော့ပါဘူးဗျာ လာ အခန်းထဲသွားနားကြရအောင်"
"ဟီးဟီး ပြီးရော သွားမယ်"

လိုချင်တာရလို့ မျက်နှာလေးက ကလေးသဖွယ် အပြစ်ကင်းစင်လိုက်တာ အိမ့်ရယ်
ကိုယ်ကတော့ တစ်ရစ်ပြီးတစ်ရစ် မင်းရဲ့အချစ်ကြိုးတွေမှာ ငြိနေပြီကွာ

မင်းနဲ့တွေ့မှWhere stories live. Discover now