"အမေရေ အိမ့် ပြန်ရောက်ပြီ Johnny လည်းပါတယ် အမေ"
"အော် အေအေ သား ကြည့်စမ်း ချောလာခန့်လာလိုက်တာ အမေ့သားမက်လို့မပြောရဘူး မင်းမမနဲ့များကွာပ တစ်နေ့တစ်နေ့ ကောင်လေး
တစ်ယောက်မဟုတ်တစ်ယောက်နဲ့ အမေဆူဆဲလည်းမရ ရိုက်ရမယ့်အရွယ်လည်းမဟုတ်ဘူးလေ အတိုအပြတ်ကလည်းဝတ်သလားမပြောနဲ့ မင်းနဲ့မြန်မြန်
လက်ထပ်ပေးမှကိုဖြစ်မယ်......."
"ဟုတ်တယ် အန်တီရေ မြန်မြန်ယူမှဖြစ်မယ် သား မစောင့်နိုင်တော့ဘူး"
"ဖြစ်ရမယ် ... အော် သား ပင်ပန်းလာမှာပေါ့ နားအုံးလေ မပြန်သေးဘူးမလား ဘာစားချင်လဲ"
"တော်ပါပြီ အန်တီ ကျွန်တော် အိမ်ပဲပြန်လိုက်တော့မယ် အိမ်မှာမေမေတို့ဖေဖေတို့စောင့်နေလောက်ပြီ ခွင့်ပြုပါအုံး"
"အော် အေအေ သား ဂရုစိုက်မောင်းနော်"
"မ ကျွန်တော်ပြန်ပြီ အိမ်ရောက်မှဖုန်းဆက်လိုက်မယ်"
" အင်းအင်း bye"
အိမ့် ပင်ပန်းလာသဖြင့် ရေမိုးချိုး၍ မွေ့ရာပေါ်သို့ပစ်လှဲလိုက်သည်
ဘယ်အချိန်မဆို ပင်ပန်းနေလျှင် အပန်းဖြေဖို့ အကောင်းဆုံးက မွေ့ရာပင်လေ
ထို့နောက် အတွေးကမ္ဘာထဲ သူမရောက်ရှိသွားလေသည်💭💭စိုင်း ဒီနေ့ ဘာလို့ ခြံရှေ့မှာရပ်စောင့်နေပါလိမ့်?
အခါတိုင်း ငါဘာဖြစ်ဖြစ် အရေးမလုပ်တဲ့သူက ခြံရှေ့ထိ ဘာများလာလုပ်ပါလိမ့်
(စိုင်း အိမ့်ရဲ့ခြံရှေ့ကို ရောက်လာတဲ့အခေါက်ရေကို လက်ချိုးရေတွက်လို့ရသည်)
နောက်ပြီး မနေ့ကပဲ ငါ့ကိုငြင်းထားတဲ့သူက အခုငါ့ရှေ့ဘာလာလုပ်တာလဲ
နင်ငါ့ကိုငြင်းပေမယ့် နင့်ကိုငါ အဆုံးထိ ကြိုးစားပြီး လိုက်နေမှာပဲ အဲ့တော့ နင်ငါ့ကိုသဝန်တိုလာအောင် ငါလုပ်ပြမယ် စိုင်း
Johnny ကိုတော့အားနာပါတယ် ငါသူ့ကိုတကယ်မချစ်ဘူး မောင်လေးထပ်လည်းမပိုဘူး
အသုံးချမိလို့ sorry ပါ Johnnyရယ်💭💭
သူမ အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားခဲ့သည်"ကလင်ကလင် ကလင်ကလင်"
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည် ဖြေကြားခြင်းမရှိပါရှင်...Sorry"
"ဟာ ဖုန်းမကိုင်ဘူးပေါ့လေ အိပ်များပျော်နေပြီလားမသိ အဟက် အဲ့ဒါလေးတွေကအစ သိပ်သဘောကျတာပဲ မ ရယ် မ ကိုကျွန်တော်လေ အမြန်ဆုံးပိုင်ဆိုင်ချင်မိပြီ မ ကရော ကျွန်တော့်ကိုချစ်ရဲ့လား မ ရယ် "
![](https://img.wattpad.com/cover/261430711-288-k153340.jpg)
YOU ARE READING
မင်းနဲ့တွေ့မှ
Romanceမင်းနဲ့တွေ့မှ .... မင်းနဲ့တွေ့မှ ချစ်တတ်သွားတဲ့ ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ကလေးရယ် ~~စိုင်း~~ စိုင်းသာ လက်ခံရင် အိမ့်အတွက်က ဘာနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရဲပါတယ် စိုင်းရယ် ~~အိမ့်~~ မောင့်ကိုတကယ်မချစ်ဘဲ မောင့်ရင်ခွင်ထဲမလာပါနဲ့ မ ရယ် ~~ခက်ဆစ...