{ဇာတ်သိမ်းပိုင်း}
"လမ်းခွဲကြရအောင်"
"ဟင် ကလေး ကိုကိုလမ်းမခွဲပေးနိုင်ဘူးနော် ကိုကိုတို့ကအခု အထင်တွေလွဲနေကြတာပါ ဒါတွေကို ရှင်းသွားအောင် ဖြေရှင်းရမယ်မဟုတ်လား အရာရာကို တဇွတ်ထိုးမလုပ်ပါနဲ့ ကလေးထားခဲ့ရင် ကိုကိုက
သေမှာ ကလေးရဲ့"
"တဇွတ်ထိုးဟုတ်လား တဇွတ်ထိုးတွေပြောပြီး နားမလည်ပေးတာ ဘယ်သူလဲ ရှင်မလား အခုမှ
လာမဆုံးမပါနဲ့ ဟင့်"
"ဟုတ်ပါတယ် ကိုကိုလုပ်မိပါတယ် ကလေးရယ် တောင်းပန်ပါတယ် ကိုကိုဒူးထောက် တောင်းပန်ပါ့မယ်"
စိုင်း အိမ့်ရှေ့မှာ ဒူးထောက်တောင်းပန်လိုက်သည်
စိုင်း ဒူးထောက်တာတွေ့တော့ အိမ့်လည်းစိတ်ဆိုးပြေရတော့မှာပေါ့လေ
"ဟင်.... မလုပ်ပါနဲ့ ကိုကိုရယ် အိမ့်ငရဲကြီးမှာပေါ့ ထထ ခွင့်လွှတ်ပါတယ် ကိုကိုရယ်"
"တကယ်နော် ကလေး"
"အင်းလို့ ဟုတ်ပါတယ်ဆို တကယ်တော့လေ အိမ့်မှားတာပါ ဘယ်သူတွေနဲ့သွားတွေ့မှာလဲဆိုတာ
ပွင့်ပွင့်လင်းလင်း မပြောမိခဲ့လို့ပါ နောက်ပြီး အခုပုံတွေထဲကလူက ရှိုင်းထက်အောင်ပါ သူရယ် အိမ့်ရယ် သုသုရယ်က တရုတ်ကျောင်းမှာ သူငယ်ချင်းအရင်းကြီးတွေပါ နောက်တော့ အောင်က ကျောင်းပြောင်းသွားတော့ အဆက်အသွယ်ပြတ်သွားတာလေ အခုမှပြန်တွေ့ကြတာပါ သူကသုသုနဲ့ချစ်သူတွေပါ ကိုရယ်
သုသုနဲ့ငယ်ငယ်က ကွဲသွားကြတာပါ အခုမှပြန်တွဲကြတာလေ အဲ့ဒါထမင်းစားရအောင်ဆိုလို့ပါ
ဓာတ်ပုံရိုက်တဲ့အချိန်က သုသု အိမ်သာသွားနေတဲ့အချိန်နေမှာပါ ကိုရယ် နော် ယုံပါနော်"
"ယုံပါတယ်ဗျာ ကိုကိုကလည်း မှားတာပါ ခက်ဆစ်ဆိုတဲ့ကောင် ပို့တာနဲ့ ရင်ဘတ်ထဲမှာပူနေမိတော့တာလေ နောက်ဆိုမဖြစ်တော့ပါဘူးအဲ့လို ဒါဆို လမ်းခွဲအုံးမှာလားပြော"
"ဟင့်အင်း အိမ့်မှမခွဲနိုင်တာ ကိုကိုသိရက်နဲ့နော် ဟွန့်"
"ဟားဟား နောက်ဆို လမ်းခွဲဖို့လွယ်လွယ်နဲ့မပြောနဲ့ ကြားလား တိတ်တော့ မငိုနဲ့တော့"
စိုင်း အိမ့်ပါးပြင်ထက်က စီးဆင်းလာတဲ့ မျက်ရည်လေးတွေကို အသာအယာ သုတ်ပေးလိုက်သည်
"အင်း ဟုတ် ချစ်တယ် လူကြီး"
"ပိုချစ်တယ်ဗျာ မနက်ဖြန်ကျ ကို ခက်ဆစ်နဲ့ရှင်းမှဖြစ်မယ် ဒီကောင့်ကိုမကျေနပ်ဘူး ကိုယ်တို့ကိုသွေးခွဲတာ ကျစ်"
"အော် ကိုရယ် စိတ်လျှော့ပါ အိမ့်တို့လည်းအဆင်ပြေပြီပဲ ကောင်းကောင်းမွန်မွန်ပဲဖြေရှင်းကြတာပေါ့"
"ဟုတ်ပါပြီဗျာ ကလေးသဘောအတိုင်းပါပဲ ဒါတွေကချစ်လို့နော် သိတယ်မလား"
"သိတာပေါ့ရှင် သိပ"
"ဒါဆို အိပ်တော့လေ ကလေး ပင်ပန်းနေရောပေါ့ ရေချိုးပြီးမှအိပ်နော်"
"ဟာ မချိုးချင်ပါဘူး မနက်မှချိုးမယ်"
"လိမ္မာပါတယ် ချိုးလိုက်နော် ကိုကို့ကလေးကလည်း"
"ပြီးတာပဲလေ ချိုးရမှာပေါ့ စကားတွေကသိပ်တတ် နေပါအုံး အိမ့်သိတဲ့ ကိုကိုက အဲ့လိုမဟုတ်ပါဘူး
အခုမှအချိုးတွေပြောင်း"
"ဒါကတော့ ကလေးနဲ့တွေ့မှလေ"
"ခ်ခ် ဟုတ်ပါပြီ ဒါဆိုသွားပြီ တာ့တာ အိပ်တော့နော် good night"
"ဟင် ဒီအတိုင်းကြီးသွားမှာလား ဘာမေ့နေလဲမသိပါဘူး"
စိုင်း သူ့နှုတ်ခမ်းကိုစူ၍ပြောလိုက်သည်
"မွ လူလည်ကြီး သွားပြီ"
အိမ့်လည်း စိုင်းနှုတ်ခမ်းပါးလေးကို အသာလေး အနမ်းပေး၍ထွက်ခဲ့သည်
စိုင်းမှာတော့ ပြုံးပြုံးကြီးနဲ့ ကျန်နေခဲ့လေသည်
အိမ့်လည်း ရေမိုးချိုး၍ အိပ်လိုက်သည်

YOU ARE READING
မင်းနဲ့တွေ့မှ
Romanceမင်းနဲ့တွေ့မှ .... မင်းနဲ့တွေ့မှ ချစ်တတ်သွားတဲ့ ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ကလေးရယ် ~~စိုင်း~~ စိုင်းသာ လက်ခံရင် အိမ့်အတွက်က ဘာနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရဲပါတယ် စိုင်းရယ် ~~အိမ့်~~ မောင့်ကိုတကယ်မချစ်ဘဲ မောင့်ရင်ခွင်ထဲမလာပါနဲ့ မ ရယ် ~~ခက်ဆစ...