အိမ့် စိုင်းကားပေါ်တက်လိုက်သည်
"စိုင်း ဘာပြောမလို့လဲ ပြောလေ ကျောင်းမရောက်ခင်"
"အော် အင်းအင်း ကိုယ့်ကိုမနေ့ညက လာကြိုပေးတာကျေးဇူးပါ အိမ့် ကိုယ်အရမ်းသောက်မိသွားတယ်
လူမှန်းသူမှန်းမသိတဲ့အထိ သောက်မိသွားတယ် အဲ့ဒါဘာကြောင့်လဲသိလား"
"ဟင့်အင်း စိုင်း သောက်ချင်လို့နေမှာပေါ့"
"မဟုတ်ဘူး အိမ့် အဲ့ဒါ အိမ့်ကြောင့်"
"ဟင်... အိမ့်ကြောင့်?"
"အင်း ဟုတ်တယ် အိမ့်က ကိုယ့်ကို အမူအရာဆင်ခြင်ပေးပါလို့ပြောတယ်လေ ပြီးတော့ အမြဲကိုယ့်နားမှာနေလာခဲ့တဲ့ အိမ့်က ကိုယ့်ကိုအခုဆက်မကြိုက်တော့ဘူးပြောတော့ ကိုယ့်ရင်ထဲ နာကျင်ရတယ် ကိုယ်မနေတတ်တော့ဘူး အိမ့် မင်းမရှိဘဲ မနေတတ်တော့ဘူး အရာရာကိုအေးတိအေးစက် နေတတ်တဲ့ ကိုယ်က အခုဆို စကားတွေအများကြီးပြောတတ်နေပြီ ဘယ်သူ့ကိုမှသဝန်မတိုဖူးတဲ့ ကိုယ်က အခုဆို မင်းလေးကို
သဝန်တိုတတ်နေပြီ မင်းနဲ့တွေ့မှ ကိုယ် အရာရာပြောင်းလဲ လာခဲ့တာပါ"
"........... စိုင်း စိုင်းဘာဖြစ်နေတာလဲ နေကောင်းရဲ့လား အရင်က မင်းနဲ့ငါပြောနေကျ စိုင်းက အခုကိုယ်နဲ့အိမ့်တဲ့လား နောက်ပြီး အိမ့်ဖွင့်ပြောတိုင်းငြင်းတဲ့ စိုင်းက အခုတော့ သဝန်တိုနေပြီတဲ့လား ဘာတွေဖြစ်နေတာလဲ ပြောပါအုံး"
"အိမ့်...... ကိုယ် အိမ့်ကို ချစ်တယ် ကိုယ် အိမ့်ကိုမြတ်နိုးတယ် ကိုယ့်ကိုရော အိမ့် ချစ်သေးရဲ့လား "
"ဟင်..... စိုင်းရယ် နောက်ကျသွားပြီ"
"ရပါတယ် အိမ့်ရယ် အခုလို ကိုယ်ပြောတာတွေ နားထောင်ပေးလို့ အိမ့် အချိန်မရွေး ကိုယ့်ဆီလာနိုင်ပါတယ် ကိုယ်အမြဲစောင့်နေမှာပါ"
"ဟိတ် ဘာတွေပြောနေတာလဲ အိမ့်ကနောက်ကျသွားပြီလို့ပဲပြောတာပါ စိုင်းကိုမချစ်ဘူးလို့မပြောပါဘူးနော် ဟွန့်"
"ဟာ ဒါဆို ကိုယ့်ကိုချစ်တယ်လား"
"....အင်း ချစ်တယ် ချစ်တယ် ချစ်တယ် ဟိဟိ ဒါနဲ့ နေပါအုံး ဟိုတစ်လောကမှ ဇွတ်ငြင်းထားပြီး အခုမှလာချစ်နေတာလား"
"ဟောဗျာ အိမ့်က ကိုယ့်ဘေးမှာ ၆နှစ်လုံးလုံး ရှိပေးလာတာမလား အခုမှ သူစိမ်းလိုဆက်ဆံတော့ ကိုယ်မှမနေတတ်တော့တာဗျာ ဘယ်လိုလုပ်ရမလဲ မချစ်ဘဲမနေနိုင်လောက်တော့အောင် မင်းလေးက ပြုစားထားတာကိုး"
"အော် အဲ့လိုလား အခုမှမြင်တယ်ပေါ့ တော်သေးတာပေါ့ လက်ထပ်ပြီးမှမြင်မလားလို့လေ"
"ကလေး အဲ့လိုမပြောရဘူးလေ ကိုယ်နောက်ကျသွားတာသိပါတယ် ဒါပေမယ့် အခုမှီသေးတာပဲကို"
"ဘာ!! ကလေး ဟုတ်လား? ဟဟ"
"အင်းလေ ကိုယ့်ထက်ငယ်လို့ ကလေးလို့ခေါ်တာပဲ မရဘူးလား ပြော"
"ရပါတယ် စိုင်း သဘော"
"အင်းပါ ချစ်တယ် ဒါနဲ့ ကိုယ်တို့အခုတွဲနေကြတာလား ဟင်"
"အဲတော် ဟုတ်တယ်လေ သူပဲအဖြေတောင်းပြီး အခုကျတွဲနေပြီလားတဲ့ လူကို ကလေးဘာညာ ခေါ်ပြီးတော့ စိုင်းနော်"
"ဟားဟား ဟုတ်ပါပြီ ဒါဆိုဒီနေ့ကစပြီးတစ်ရက်နော် ဒါနဲ့ ကလေးနဲ့Johnnyဘယ်လိုလုပ်မလဲ ကျောင်းပြီးရင်ယူဖို့ပြင်ထားတာမလား အခု ဘယ်လိုလုပ်ကြမလဲ ကလေး"
"အော် စိုင်းရယ် အိမ့်သူ့ကိုအရင်တည်းက မောင်လေးထက်မပိုပါဘူး နောက်ပြီး သူကလည်းအချိန်ယူဖို့ပြောတယ်လေ အခုတော့ ပြီးပြီပေါ့ အိမ့်မှာ စိုင်းရှိနေပြီပဲ ငြင်းလိုက်ရုံပေါ့ အမေဆူတော့ခံရုံပဲပေါ့
ဒီကလူကြီးကိုချစ်မိတော့ အကုန်ရင်ဆိုင်ရမှာပေါ့ ခ်ခ်"
"ဟုတ်ပါပြီ ကလေးရယ် အန်တီဆူရင် ကိုယ်ဝိုင်းပြောပေးပါ့မယ် ကိုယ်တာဝန်ယူပါ့မယ် နော် ကလေး"
"ဟုတ် ဒါပေမယ့်တစ်ခုရှိတယ် စိုင်း"
"ပြောလေ ကလေး ဘာများလဲ"
"ဒီလို စိုင်းရဲ့ မနေ့က အိမ့်Johnnyကို တစ်ရက်ဒိတ်ပေးပါ့မယ်လို့ကတိပေးထားတယ် အဲ့ဒါ ဒီသောကြာနေ့ ကျရင် သူနဲ့ဒိတ်ပေးရမှာ"
"ဟင်း မဟုတ်တာ ကလေးရာ ကိုယ်မကြိုက်ပါဘူး ကိုယ့်ကောင်မလေးတစ်ယောက်လုံးကို တစ်ခြား
ကောင်လေးတစ်ယောက်နဲ့ တစ်နေကုန် ပေးဒိတ်ရမယ်တဲ့လား အဲ့ဒါကို ကိုယ်က ကြည့်ရမှာတဲ့လား
နောက်ပြီး ကိုယ်ကသာ ကလေးကို ကိုယ်နဲ့ကလေးလို့ သုံးနေတာ ကလေးကတော့ ကိုယ့်ကို
စိုင်းနဲ့အိမ့်တဲ့လား"
"ခ်ခ်ခ် ဟုတ်ပါပြီ ကိုရယ် ကိုကို ဟုတ်ပြီလား ဒါပေမယ့် ကို စိတ်ချပါ အိမ့်အဲ့နေ့ကျရင် သူ့ကိုငြင်းမှာပါ
ကို ကမကြိုက်ဘူးဆို မဒိတ်တော့ပါဘူး နော် စိတ်မဆိုးနဲ့နော်"
"မရဘူးကွာ အခုပဲငြင်းလိုက်တော့ ကို သဝန်တိုလို့ပါကွာ သူနဲ့မင်းကိုတွဲမြင်နေရရင်ကိုယ့်ရင်ထဲပူတယ်ကွ"
"လူဆိုးကြီး အခုမှသိပ်ချစ်တတ်နေတယ်ပေါ့လေ ပြီးရော အခုဆက်ပြီးပြောလိုက်မယ်"
"ဟုတ်ပါပြီဗျာ ဒါမှ ကိုကို့ကလေး မွ"
စိုင်း အိမ့်ရဲ့ပါးမို့မို့လေးကိုလှမ်းနမ်းလိုက်သည် အိမ့်ရှက်သွေးဖြာသွားရလေပြီ

ESTÁS LEYENDO
မင်းနဲ့တွေ့မှ
Romanceမင်းနဲ့တွေ့မှ .... မင်းနဲ့တွေ့မှ ချစ်တတ်သွားတဲ့ ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ကလေးရယ် ~~စိုင်း~~ စိုင်းသာ လက်ခံရင် အိမ့်အတွက်က ဘာနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရဲပါတယ် စိုင်းရယ် ~~အိမ့်~~ မောင့်ကိုတကယ်မချစ်ဘဲ မောင့်ရင်ခွင်ထဲမလာပါနဲ့ မ ရယ် ~~ခက်ဆစ...