Love poison (Uni)
အပိုင်း ၉ကို့ကို စောင့်နေတာ မနက်အလင်းရောင် တောင်ပြူထွက်နေလေပြီ။ ဆက်မစောင့်နိုင်တော့တာကြောင့် မျက်လုံးကို လက်နဲ့ပွတ်ကာ ချက်ချင်းဘဲ လိုက်ရှာရန်ပြင်လိုက်သည်။ သူသွားတတ်တဲ့နေရာလဲ မသိတာကြောင့် အနံ့ခံအစွမ်းကို သုံးပြီး ရှာကြည့်လိုက်သည်။
ဒီအနံက အမှိုက်အနံတွေဘဲ။ ကို အမှိုက်တောထဲများရောက်နေတာလား။ ချက်ချင်းဘဲအာရုံခံတဲ့နေရာကို ရောက်သွားပြီး ရှာလိုက်တော့ နံစော်နေတဲ့ စွန့်ပစ်ပစ္စည်းတွေစွန့်တဲ့အထဲမှာ ကိုတယောက်တည်း လဲနေသည်။ မျက်နှာတခုလုံးလဲ ဖူးယောင်နေတာကြောင့် နှလုံးသားကြီးတခုလုံး ပြိုပြတ်သွားသလိုဘဲ။ အာတာနဲ့ချက်ချင်းကို့ကို ထူကာ မျက်နှာလေးကို ကိုင်ရင်း
"ကိုရေ ကိုရှောင်ကျန့် ကိုရေ ယောကျာ်း ထပါအုံး ဘာတွေဖြစ်ခဲ့တာလဲ ကို့ကို ဘယ်သူလုပ်တာလဲ သွားသတ်ပြစ်မယ် ကိုရေ ထအုံးလို့"
မနိုးတဲ့အဆုံး ထူကာ ကျောပိုးပြီး အိမ်ကို လမ်းလျှောက်ပြန်လိုက်သည်။ လူမြင်ကွင်းဖြစ်တာကြောင့်အစွမ်းလဲ သုံးမရတာနဲ့ ခြေလမ်းသွက်သွက်နဲ့ အိမ်ပြန်ခေါ်လာလိုက်တယ်။အိမ်ရောက်ပြီဆိုရင်ဘဲ မားနဲ့စတွေ့တာဘဲ။
"သားရေ ရှောင်ကျန့် ဘာဖြစ်တာလဲ"
"သားလဲမသိဘူး မနေ့ညထဲကပြန်မခါတာနဲ့ ထွက်ရှာလိုက်တာ အမှိုက်တောထဲမှာ လဲနေတာတွေ့တာ"
"အော် သူက အာ့လိုကလေးမျိုးမဟုပါဘူး ဘာများဖြစ်လို့ပါလိမ့်"
"ကျွန်တော် အခန်းထဲခေါ်သွားအုံးမယ်နော် မား"
"ဟုပြီသားလေး မားဆေးဖျော်လာခဲ့မယ်"
"ဟုကဲ့မား"
စကားပြောပြီးပြီးချင်း ကို့ကို အခန်းထဲခေါ်လာလိုက်တယ်။ အခန်းထဲရောက်တာနဲ့ ရေဇလုံနဲ့အဝတ်တခုကိုယူကာ မျက်နှာတွေလက်တွေကို သန့်စင်ပေးလိုက်သည်။ ခဏကြာတော့ မားရောက်လာပြီး ဆေးလာပေးတယ်။
"သားရေ တိုက်လိုက်နော် မားဟင်းသွားချက်လိုက်အုံးမယ်"
"ဟုကဲ့မား"

YOU ARE READING
Love poison S1 (Complete)
FanfictionZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...