Love poison (Uni)
အပိုင်း ၁၁ကို အပြင်ထွက်သွားပြီး စောင့်နေလို့ပြောခဲ့ပေမဲ့ ကို့ရဲ့ ပုံစံက ကျွန်တော့်ကို မနှစ်မြို့တဲ့ ပုံဖြစ်နေတာကြောင့် အိမ်ကနေ ထွက်သွားဖိူ့ဆုံးဖြတ်လိုက်တယ်။ တောင်းပန်ပါတယ်ကို ကျွန်တော် ကိုနဲ့မျက်နှာချင်း မဆိုင်ရဲတော့ဘူး။ ခွင့်လွှတ်ပေးပါ ပြီးတော့ ချစ်တယ်ဆိုတာလေးတော့ သိပေးပါ။
ရီပေါ် ရှောင်ကျန့်ခြုံပေးတဲ့ ခြုံလွှာလေး ခြုံကာ အစွမ်းနဲ့ သူအရင်နေတဲ့ အိမ်စီပြန်သွားလိုက်တယ်။
"ရူ့လွီရေ"
"ကော ဘယ်လိုဖြစ်လာတာလဲ"
"ငါအသွင်ပြောင်းဆေးသောက်မိလာလို့"
"ဘယ်သူတိုက်တာလဲ"
"ထားလိုက်ပါတော့ ငါ့ကို ပျောက်အောင်အရင်လုပ်ပေး"
"ခဏစောင့်ကော ရူ့နွားနှလုံးကို အရင်သွားယူလိုက်အုံးမယ်"
"ကောင်းပြီ မြန်မြန်ပြန်လာခဲ့နော်"
"ဟုကော"
ရူ့လွီထွက်သွားပြီး သူများအိမ်ထဲမှာ ခြံခက်ပြီး မွေးထားတဲ့နွားတကောင်ကို သတ်လိုက်ပါတယ်။ပြီးတော့ နွားရဲ့ အသဲကို ယူလာလိုက်တယ်။ နွားပိုင်ရှင်လူတွေက နွားအော်သံကြားတော့ ထွက်လာကြတယ်။ အာ့ကြောင့်ရူလွီလဲ အသဲယူပြီးတာနဲ့ချက်ချင်းပြေးလာလိုက်တယ်။ နွားသေကို အဲ့အတိုင်းထားခဲ့လိုက်ရတယ်။ ပိုင်ရှင်ထွက်လာတော့ နွားက ရင်ဘက်နေရာမှာ ပေါက်ပြီး သေနေတာကို တွေ့ရတယ်။ စစ်ကြည့်တော့ အသဲဘဲပျောက်နေတာ။ အာ့ကြောင့် မိစ္ဆာကြောင့်လို့ ထင်သွားကြတယ်
"မိစ္ဆာရှိတယ် လာကြပါအုံး မိစ္ဆာရှိတယ်"
အလန့်တကြားနဲ့အော်နေတာကြောင့် ရွာထဲက လူတွေထွက်လာကြတယ်။ သူတို့ကလဲ မိစ္ဆာရှိတယ်ဆိုတာယုံကြည်သွားကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်လဲ နွားတွေပျောက်ဖူးလို့ပါ။
ရှောင်ကျန့်အိမ်မှာတော့
ရှောင်ကျန့်ကမားနဲ့စကားပြောပြီးတာနဲ့ အိပ်ခန်းထဲဝင်လာတာ ရီပေါ်မရှိတော့တာမို့စိတ်ပူနေလေသည်။ ချက်ချင်း အိမ်ပြင်ထွက်သွားပြီး ရူ့လွီရဲ့အိမ်ကို အမြန်ပြေးလေသည်။ လမ်းတဝက်မှာတင် မိုးတွေ ရွာချလေသည်။ မိုးစိုစိုနဲ့ဘဲ ပြေးလာတာ ရူ့လွီတို့ အိမ်ရှေ့ကိုရောက်လာလေသည်။ရောက်တာနဲ့အိမ်ရှေ့ကနေ တံခါးခေါက်လေသည်။

YOU ARE READING
Love poison S1 (Complete)
FanfictionZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...