Love poison (Uni)
အပိုင်း ၂ရှောင်ကျန့်အိမ်ရောက်တော့ အိမ်ထဲမှာ သူ့ပါးပါးနဲ့ မားမားက သေချာကျွန်တော့်ကိုကြည့်နေသည်။ ကျွန်တော်က အာ့လိုတွေ မကြိုက်ဘူး။ ဒါပေမဲ့လည်း သည်းခံရမှာပေါ့။ ဟူးးးးစ်
အာ့အချိန် ရှောင်ကျန့် မားက စကားစလိုက်သည်။
"သားလေး ဒါဘယ်သူလဲ"
"အာ့တာ သားနဲ့ လက်ထက်ထားတဲ့သူပါ"
"ဘယ်လို ဘယ်တုန်းက လက်ထက်လိုက်တာလဲ မားတိူ့တောင်မသိရပါလား"
"အာ့တာက"
ရီပေါ်ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့ကယောကျာ်းလေးလေ အာ့ကြောင့် ဘယ်သူမှ အသိမပေးဘဲ နှစ်ယောက်ထဲ လက်ထက်လိုက်တာပါ မားတို့ လက်ခံဖို့မျှော်လင့်ပါတယ်"
"သားတိူ့တစ်ယောက်နဲ့တယောက် ချစ်တယ်ဆို မားတိူ့က ဘာမှပြသနာမရှိပါဘူး ဒါနဲ့ သားမိဘတွေရော ဘယ်မှာလဲ"
"သားတို့က ရှန်ကျိုးမှာနေတာ။ မိဘတွေက ဆုံးသွားပြီ အဒေါ်နဲ့နေရတာ "
"ရှန်ကျိုးဆိုတော့ အတော်ဝေးတာဘဲ"
"အာ့ဆိုနားတော့လေ"
"ဟုကဲ့မား လက်ခံပေးလို့ကျေးဇူးပါ"
ရှောင်ကျနိ့က မားကိုဖက်ပြီးပြောလိုက်တယ်။ပြီးတော့နှစ်ယောက်သား အတူ အခန်းထဲဝင်သွားကြသည်။အခန်းက မကျယ်မကျဥ်းလေး သပ်သပ်ရပ်ရပ်နဲ့ဖြစ်နေတယ်။ ကုတင်တစ်လုံးရယ်။
"ဟဲ့ရှောင်ကျန့် နင့် အခနိးက ကျဥ်းလိုက်တာ ကုတင်ကလည်း တစ်လုံးထဲ"
"တောင်းပန်ပါတယ် ငါကမချမ်းသာဘူး မင်းကို ဒုက္ခ ခံခိုင်းသလိုဖြစ်နေပြီ"
"ရပါတယ် ဒါပေမဲ့ ငါတို့ကြားမှာ စည်းတစ်ခုထားရမယ်."
"ဘာစည်းလဲ"
"တစ်အချက်က ငါတို့က သူများအမြင်မှာသာ လင်မယား တကယ်လင်မယားလိုမနေဘူး
နှစ်အချက်က ဟို အကောင်ရဲ့ လက်က လွတ်ရင် ငါထွက်သွားမယ်
သုံးအချက်က ငါကကုတင်ပေါ်အိပ်မယ် နင်က အောက်မှာအိပ် အဆင်ပြေလား""ပြေတယ် ငါအိပ်ယာခင်းပေးမယ်နော်"
"အင်း"

ŞİMDİ OKUDUĞUN
Love poison S1 (Complete)
Hayran KurguZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...