Love poison (Uni)
အပိုင်း ၁၃ရီလေးကို လိုက်ရှာနေတာ ၁၀ ရက်ကြာလေပြီ။ဒါပေမဲ့ ဘယ်နေရာမှာမှ မတွေ့ရဘူး။ ရာသီဥတုအေးအေးထဲ ယောင်ချာချာနဲ့ တယောက်ထဲ လမ်းပျောက်နေလေသည်။
အဟွတ်အဟွတ်
ရှောင်ကျန့် ချောင်းတွေ အဆက်မပြတ်ဆိုးရင်း သွေးတွေပါ ပါနေခဲ့တယ်။ သွေးကို အကျိ့်လက်နဲ့ ကြမ်းကြမ်းသုတ်လိုက်ပြီး ရီပေါ်ကို ထပ်ရှာနေလေသည်။
အခုတလော ကျွန်တော့်မှာ နာမည်မသိတဲ့ ရောဂါကို ခံစားနေရတယ်။ တခါတလေ ခေါင်းမူးတယ်။ အားနဲတယ်။ ချောင်းတွေဆိုးပြီး သွေးအန်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ကြောက်မိတယ်။ သေရမှာကို မဟုပါဘူး။ မသေခင် ရီလေးနဲ့မတွေ့ရမှာကိုပါ။
"ရီလေး မင်းဘယ်မှာလဲ ကို့ဆီပြန်လာခဲ့ပါတော့ ကိုတောင်းပန်ပါတယ်နော်.....ရီလေး"
...............
"သမားတော်ဂူ ရောဂါတွေက ဘယ်ကနေ ပြန်ပွားတာလဲ သိရပြီလား"
"ဟုကဲ့သိပါပြီ အိမ်ရှေ့စံ"
"အာ့ဆိုပြောပါအုန်း"
"မြေခွေးမိစ္ဆာကြောင့်ပါ"
"ဘာ မြေခွေးမိစ္ဆာ"
"ဟု ဟုပါတယ်"
"ဘာကြောင့် အတပ်ပြောနိုင်ရတာလဲ"
"အဲ့ဒါက ကိုယ်တိုင်မြင်လိုက်လို့ပါ အိမ်ရှေ့စံ သမားတော်ရှောင် လက်ထက်ထားတဲ့သူက မြေခွေးမိစ္ဆာပါ ရွာထဲက လူတွေရဲ့ နွားနှလုံးတွေလဲ ခိုးစားပါတယ် "
"ဘာ အတော်အတင့်ရဲပါလား ကျုယျရံတောျရှငျး"
"အမိန့်ရှိပါ အရှင့်သား"
"ခုချက်ချင်း ရဲမက်တွေ လွှတ်ပြီး အဲ့မြေခွေးကောင်ကို ဖမ်းခဲ့ အသေရရအရှင်ရရ"
"ဟုကဲ့ပါ အရှင့်သား"
သမားတော်ဂူက အောင်နိုင်သူကောက်ကျစ်တဲ့အပြုံးလုပ်ပြီး အိမ်ရှေ့စံရဲ့ အခန်းတွင်းမှထွက်သွားတော့တယ်။ တမြို့လုံးမှာ ရီပေါ်ပုံတွေ အသီးသီး ကပ်ထားပြီး ရဲမက်တွေ နေရာအနှံ့ရှာနေကြတယ်။ မြို့ထဲမှ အောက်လမ်းဆရာတွေနဲ့ မိစ္ဆာဖမ်းတဲ့သူတွေကလည်း ဆုကြေးငွေရမယ်ဆိုတော့ အပြိုင်အဆိုင်ရှာဖွေနေကြတယ်။

KAMU SEDANG MEMBACA
Love poison S1 (Complete)
Fiksi PenggemarZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...