Love poison (Uni)
အပိုင်း ၁၆အလင်းရောင်ဖျဖျအောက်မှာ ဝေဝေဝါးဝါးနဲ့ မျက်လုံးပွတ်ကာ ရှောင်ကျန့်နိုးလာသည်။ နိုးလာသည်နှင့် ဘေးနားကြည့်လိုက်တော့ လက်ကိုကိုင်ပြီး အိပ်ပျော်နေသော ရီပေါ့်ကိုတွေ့လေသည်။ ရီပေါ်က ရှောင်ကျန့်လက်လှုပ်သည်နှင့်တန်းနိုးလာတော့သည်။ နိုးလာသည်နှင့် ရှောင်ကျန့်ကို ဖက်လေသည်။ ရှောင်ကျန့်လဲ ရီပေါ့်ခါးလေးကို ပြန်ဖက်လိုက်သည်။
"ကိုကို နိူးလာပြီလား ကျွန်တော်ဘယ်လောက်လွမ်းနေလဲ သိလား "
ပြောပြီးငိုလေသည်။ရှောင်ကျန့်က ရီပေါ့်ကျောလေးသပ်ကာ နှစ်သိမ့်လေသည်။ တကယ်တော့ သူလဲ အရမ်းငိုချင်နေတာကို စိတ်တင်းကာ မျက်ရည်တွေကို မြိုသိပ်ထားလိုက်သည်။ အတက်နိုင်ဆုံးပြုံးကာ ရီပေါ့်မျက်နှာကို ကြည့်ပြီးပြောလိုက်သည်။
"ရီလေး ကိုယ်တို့တွေ အတူတူ လူတွေရှာမတွေ့နိုင်တဲ့နေရာမှာ နေကြမယ်လေ"
"ဒါပေမဲ့ ကို့မိဘတွေ ရှိသေးတယ်လေ"
"ကို့အမေတို့ကို စိတ်မပူပါနဲ့ အမေတို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ပေးခဲ့တယ်။ စိတ်ချရတဲ့နေရာမှာ ထားခဲ့တာ"
"ဟု အဲ့ဒါဆိုရင် နေကြတာပေါ့ နှစ်ယောက်ထဲ"
"အင်း ကောင်းတယ်"
နှစ်ယောက်သား စကားတွေပြောကာ ဘာမှမဖြစ်သလိုနေသော်လည်း ရီပေါ်ကတော့ စိတ်ပူနေသည်။ ရှောင်ကျန့်ကလဲ နှစ်ယောက်သားဝေးမှာ အရမ်းကြောက်နေသည်။ ကံကြမ္မာက ရက်စက်လွန်းပါတယ် သူတို့နှစ်ယောက်အတွက်။
မနက်ခင်းနေရောင်ခြည်အစမှာ ချစ်သူနှစ်ဦးနှိုးထလာခဲ့သည်။ နှစ်ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချစ်ကြည်နူးနေကြသည်။ရီပေါ်က ထမည်အလုပ် ရှောင်ကျန့်က ခါးကနေ ရုတ့တရက်ဆွဲလိုက်တော့ ရီပေါ်က ရှောင်ကျန့်ရဲ့ ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည်။
နှစ်ယောက်သား အကြည့်ချင်းဆုံပြီးမှ ရှောင်ကျန့်က ရီပေါ့်ရဲ့ ပါးလေးကို အနမ်းပေးလိုက်လေသည်။ ရီပေါ်က ရှက်ပြုံးလေးနဲ့ ရှောင်ကျန့် နှုတ်ခမ်းကို ပြန်နမ်းလိုက်သည်။ အနမ်းချင်းဖလှယ်ပြီး တယောက်နှင့်တယောက် မလွှတ်တမ်း ချစ်ကြည်နူးကြလေသည်။

STAI LEGGENDO
Love poison S1 (Complete)
FanfictionZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...