Love poison (Uni)
အပိုင်း ၁၄"ကောရေ ကော လာမြန်မြန်ပြေးရအောင် "
"ဘာလို့လဲ"
"ဖမ်းမဲ့သူတွေ ရောက်လာပြီ"
"မဖြစ်နိုင်တာ သူတို့ကဘယ်လိုသိလဲ"
"အောက်လမ်းဆရာတွေရော သူတော်စဥ်ဂိုဏ်းကလူတွေရော ဘုန်းကြီးတွေရောဆိုတော့ မသိဘဲနေမလား သွားရအောင်မြန်မြန်"
ရူ့လွီ ရီပေါ့်လက်ကို မြန်မြန်ဆွဲကာ ထွက်ပြေးကြသည်။ပြီးတော့ သစ်ပင်ကြီး တပင်နောက်ကနေ ရောက်လာတဲ့သူတွေကို ချောင်းကြည့်နေကြတယ်။ အဲ့ထဲက တယောက်က မိစ္ဆာပြတဲ့ လက်တံကို ကိုင်ထားတော့ ချက်ချင်းဘဲ သစ်ပင်နောက်မှာ ရှိမှန်း သိသွားသည်။
"မင်းတို့တွေ မြန်မြန်ထွက်ခဲ့ရင်ကောင်းမယ်နော်"
ရီပေါ်တို့က အသံကြားပေမဲ့ သစ်ပင်နားကို ဘယ်သူမှဝင်လို့မရအောင် စည်းချထားတယ်။အဲ့ဒါကြောင့် ဟိုလူတွေလဲ အော်ပြောနေရုံအပြင်ဘာမှမလုပ်နိုင်ချေ။
"ကောရေ ရူ့တို့ဒီမှာဘဲနေမှာလား ညနေစောင်းနေပြီ"
"ဒီမှာက အန္တာရာယ်ကင်းပါတယ် သူတို့က လူတွေလေ ဘယ်သူမှကြာကြာမနေနိုင်ဘူး ဗိုက်ဆာလာမယ် အနားယူချင်လာလိမ့်မယ် အဲ့တော့မှ ငါတို့တွေ အခြားနေရာ ပြောင်းတာပေါ့"
"အကြံကောင်းဘဲ ကော"
နောက်တနေ့မနက်မိုးလင်းတဲ့အထိ ဟိုလူတွေ မပြန်သေး။ လူအသစ်တွေတောင်ရောက်လာကြတယ်။ ဒါပေမဲ့ ရီပေါ်နဲ့ ရူ့လွီ တို့ကတော့ မတုန်လှုပ်။ အကာအကွယ်စည်းထဲမှာဘဲ နေလေသည်။ အာ့အချိန် ခေါင်းဆောင်တယောက်ရောက်လာသည်။ လူတိုင်းကလည်း သူ့ကို အရိုအသေပေးကြသည်။ ထိုသူမှာ ခေါင်းစွပ် စွပ်ထားတာကြောင့် မျက်နှာကိုမတွေ့ရချေ။အချိန်ခဏကြာတော့ ခေါင်းစွပ်ဖြုတ်ချလိုက်တော့
"သမားတော်ဂူ"
အသံထွက်ကာ ပြောပြီးမှ ကိုယ့်ပါးစပ်ကို ပိတ်လိုက်ရသည်။ ထိုသူမှာ မိမိချစ်ရသူ ရှောင်ကျန့်ကို ဒုက္ခပေးထားသူမဟုပါလား။ ရီပေါ့်စိတ်ထဲ သမားတော်ဂူ မကောင်းမှန်းသိပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်မှာသူရှိနေမယ်လို့မထင်မိ။ အာ့ကြောင့်တုန်လှုပ်သွားတယ်။ နောက်ကွယ်ကနေဘဲ ရီပေါ်နဲ့ ရူ့လွီတိူ့ အတူ ချောင်းကြည့်လိုက်တယ်။ ထိုအချိန် သမားတော်ဂူ ရဲ့နောက်ကနေ ရှောင်ကျန့်ထွက်လာတယ်။ ရီပေါ်အကြီးအကျယ်တုန်လှုပ်သွားတယ်။ သမားတော်ဂူက အော်ပြောလိုက်တယ်။

YOU ARE READING
Love poison S1 (Complete)
FanfictionZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...