Love poison (Uni)
အပိုင်း ၁၀"ကိုနိုးလာပြီလား"
"နိုးပြီ ရီလေး"
"ကို"
"ရီလေး"
နှစ်ယောက်သား တင်းကျပ်စွာဖက်ရင်း ရီပေါ်က မျက်ရည်တွေကျလာတယ်။ရှောင်ကျန့်က ရီပေါ့်ရဲ့ ပုခုံးလေးကနေ ကိုင်ပြီး ခွာလိုက်ကာ ရီပေါ်မျက်နှာပေါ်က မျက်ရည်တွေကိုသူ့လက်နဲ့ ညင်သာစွာ သုတ်ပေးလိုက်တယ်။ပြီးတော့ ရီပေါ်မျက်လုံးလေးတွေကို သေချာစိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာလို့ငိုနေတာလဲ"
"ပျော်လို့လေ ကိုအခုနဲ့ဆို ကျွန်တော့်တို့ ထားသွားတာ နှစ်ခါရှိပြီ မထားသွားပါဘူးလိူ့ဂတိပေးပြီးခါမှ ဘာလို့ထားသွားတာလဲ စောင့်နေတယ်ဆိုတာ မေ့နေတာလား မသိဘဲမသိတာလား"
"မမေ့ပါဘူး ပြီးတော့က်ု ဂတိပေးပါတယ် နောက်ထပ် သုံးခါမြောက်ဆိုတာ မရှိစေရတော့ပါဘူး ရီလေးကိုဘယ်တော့မှ ထားမသွားတော့ပါဘူး"
"တကယ်လား"
"အင်း"
"အာ့ဆိုဂတိပေး"
"ကောင်းပြီ"
ရှောင်ကျန့်နဲ့ ရီပေါ်နဲ့ လက်ချင်းချိတ်ကာ ဂတိပေးလိုက်ကြသည်။ ရီပေါ်ကတော့ အရမ်းပျော်သွားသည်။ ရှောင်ကျန့်ကို နောက်တကြိမ်မဆုံးရှုံးစေချင်ဘူး။ ရှောင်ကျန့်ကတော့ တွေတွေဝေဝေနဲ့ ဘဲ နေလိုက်သည်။
အာ့အချိန်မားဝင်လာပြီ
"သားလေးနိုးပြီလား နိုးရင် အပြင်ထွက်ခဲ့လေ ပါးနဲ့မား ပြင်ဆင်ထားတာရှိတယ် သားလေးတို့အတွက်"
"ဟုကဲ့မား"
ကျွန်တော်တို့နှစ်ယောက်လဲ မားခေါ်တာနဲ့ချက်ချင်းထပြီး အပြင်ကို ထွက်ကြည့်တော့ မဂ်လာဝတ်စုံလေးနှစ်ထည်ကိုတွေ့တယ်။
"မားဒါဘာလဲဟင်"
"မဂ်လာဝတ်စုံတွေလေ သားတို့ကို မဂ်လာဆောင်ပေးမလို့"
"ရပါတယ် ကျွန်တော်တို့က မဂ်လာဆောင်ပြီးသားလေ"
"သားတို့က သားတို့ဘာသာဆောင်တာလေ မားတို့ပြန်ဆောင်ပေးရမှာပေါ့ လူတွေလဲ ဖိတ်ပြီး သိုက်သိုက်ဝန်းဝန်းလေးပြန်ဆောင်ပေးမယ်"

STAI LEGGENDO
Love poison S1 (Complete)
FanfictionZhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တသောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်ထက်လိုက်ရတော့ ဘာတွေဆက်ဖြစ်လာမလဲ လူနဲ့ မိစ္ဆာကြား သံယောဥ်ဇဥ်တွေ မှာ ဘယ်လို အနှောက်အယှက်တွေရှိလာမလဲ အခ...