အိပ်မက်ဆိုး

4.9K 312 2
                                    

"" အရှင့်သား ဓားရေးပြတာ သိပ်တော်တာပဲ ""

""​အရှင့်သား အတွက် ဓားမြောင်အသစ် ဝယ်လာခဲ့တယ် ""

""​ညနက်တဲ့အထိ စာလွှာ မဖတ်ပါနဲ့ အရှင့်သား ""

""​အရှင့်သား... ""​

"​"အရှင့်သား..."​"

"" တော်ပါတော့ မကြားပါရစေနဲ့တော့ ""


နားနှစ်ဖက်ကိုလက်နဲ့ပိတ်လိုက်ပေမယ့် ပဲ့တင်သံထပ်နေတဲ့ သူ့ခေါ်သံတွေဟာ ရေတွင်းအောက်ခြေလို နက်သထက်နက်လာတယ်။ ဘာမှဆက်မမြင်ရတော့တဲ့ မျက်လုံးရှေ့တစ်ဝိုက်ဟာ လေဟာပြင်ကျယ် ဖြစ်နေတယ်။

အိပ်မက်မက်နေပြန်တာလား??

"" အရှင့်သား. ""

ကြားရပြန်ပြီ။ ဒီလူငယ်ဟာ ကျွန်တော့်ကို အသံနဲ့နှိပ်စက်နေတာ 10 နှစ်ကျော်ကြာခဲ့ပြီ...။
ဘာမှမမြင်ရဘဲ ရှေ့ကို ဆက်ပြေးနေမိတာ ကြာတော့ အားကုန်လာတယ်။ လည်ချောင်းတွေခြောက်လှပြီ။ နားတွေလည်းအူလှပြီ။ ခေါ်သံက ဘယ်က လာတာလဲ? ကျွန်တော်က ခေါ်သံရှိရာကိုပြေးနေမိတာလား။ သူနဲ့ဝေးရာကိုပြေးနေမိတာလား။

ဘာလို့ ကျွန်တော့်ကို အရှင့်သားလို့ လိုက်ခေါ်နေရတာလဲ?
ဘာလို့ လိုက်နှောင့်ယှက်နေရတာလဲ?

""​ good morning my son "

အိပ်မက်ဆိုးထဲက ခေါ်သံကိုကြားရပြီးရင် မနက်ခင်းရောက်သွားတတ်တယ်။
ကျွန်တော့်ကိုအိပ်မက်ထဲက ဆွဲထုတ်ပေးတာ မနက်တိုင်းလာနှိုးတဲ့ အမေဘဲ။


" " ကျွန်တော် အသက် ပြည့်ပြီးပြီ mom..
လာနှိုးဖို့ လိုတဲ့အရွယ်မဟုတ်တော့ဘူး" "


စောစောစီးစီး ကျွန်တော် ရစ်တော့ အမေက ရယ်ပြီး မကြားချင်ယောင်ဆောင်ထွက်သွားတယ်။ တကယ်က အမေမှလာမနှိုးရင်လည်း ကျွန်တော် အိပ်မက်ထဲမှာပဲ ပိတ်မိနေလောက်တယ်။ ကျွန်တော် အိပ်မက်မက်နေမှန်းသိပေမယ့် ပြန်ထွက်လို့မရဘူး။ တကယ်တော့ အဲ့ အိပ်မက်ဆိုးက အရမ်းမွန်းကြပ်ဖို့ကောင်းပြီး ထွက်ပေါက်ရှာမရတဲ့ လှောင်အိမ်တစ်ခုဘဲ။

F A T E ✔️Where stories live. Discover now