Extra

1.4K 146 22
                                    

ကိုယ့်အသက် ၇၀ 

အသက်ကြီးလာရင် သွားရလာရခက်ခဲလာတယ်လို့ပြောကြတယ် ။ ကိုယ်ဟာ အခုချိန်ထိ တစ်ယောက်တည်း အသက်ရှင်နိုင်သေးတယ်ဆိုတာ မယုံချင်ပေမယ့် ယုံရတော့မယ့်အမှန်တရားတစ်ခုဖြစ်လာခဲ့တယ် ။ မင်းမရှိတဲ့ ဘဝမှာ ကိုယ်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလို့တွေးထားခဲ့ပေမယ့် အခုထိအားတင်းနေနိုင်သေးတာကလည်း မင်းကိုစောင့်နေချင်တဲ့ စိတ်ကလေးတစ်ခုကြောင့်ပဲ ဖြစ်မယ်ထင်တယ် ။ 

ဂျယ်ယွန်း ပြတင်းပေါက်ကနေ လမ်းသွားလမ်းလာတွေရဲ့ လှုပ်ရှားမှုတွေကို စိတ်ပြေလက်ပျောက်ငေးမောနေမိတယ် ။ ပင်စင်ယူလိုက်ပြီးကတည်းက မင်းအကြောင်းကလွဲရင် စဉ်းစားစရာမရှိတဲ့ ကိုယ်ဟာ တခြားသူတွေကို လိုက်ကြည့်ရင်း စိတ်ဖြေတတ်တဲ့ အကျင့်တစ်ခုရလာတယ် ။ မူကြိုမသွားချင်လို့ ငိုနေတဲ့ ကလေးလေးတွေ ၊ ရုံးနောက်ကျလို့ ဘတ်စ်ကားမီအောင်ပြေးနေတဲ့ လူငယ်လေးတွေ ၊ ကျောင်းအတူသွားကြတဲ့ သူငယ်ချင်းကျောင်းသားကျောင်းသူအုပ်စုတွေကို ကြည့်နေရခြင်းက အဘိုးကြီးတစ်ယောက်အတွက် အချိန်ကုန်မြန်စေတယ်။ 

အခုတလော တစ်ယောက်တည်းနေမှ အထီးကျန်သလိုခံစားနေရတယ် ဟွန်းလေရေ ။ မင်းရောအခုဘယ်များရောက်နေမလဲ ။ ကောင်းကင်ဘုံမှာများအေးချမ်းနေပြီလား .. ကိုယ့်ကို ကောင်းကင်ကနေလှမ်းကြည့်နေလားဟင် ။ ဒီနေ့လည်း မင်းကိုချစ်တယ်နော် ။ ကိုယ့်ကို ဖြစ်နိုင်ရင် မြန်မြန်လာခေါ်ပေးပါတော့ကွယ် ။ 




""လေလာ လား .."" 

အိမ်ရှေ့မှာထိုင်နေတုန်း မိုးရွာလာတာနဲ့ ပြတင်းတံခါးကို ထပိတ်တော့ နောက်ကနေ အသံတစ်ခုကြားသည်မို့ အရင်လို မြန်မြန်သွက်သွက် သွားမကြည့်နိုင်တော့တာနဲ့ အသံတစ်ချက်သာ ပေးလိုက်ရသည်။ သူ့ခွေးကလေးက အဆော့မက်တာမလို့  သူဂျယ်ယွန်းဆီစရောက်လာတဲ့ ငယ်ငယ်ကတည်းက ဆော့ရင်းနဲ့ ပစ္စည်းတိုင်းကို တိုက်မိတတ်သည်  ။ 

တုတ်ကောက်ကိုအားပြုရင်း ဖြည်းဖြည်းချင်း သူ့အခန်းဆီကိုသွားလိုက်တော့ လေလာက သူ့နေရာမှပဲရှိနေတယ် ။ သူအိပ်ဖို့ပြင်ပေးထားတဲ့နေရာမှာပဲ အိပ်နေတာ .. ဒါဆိုရင် အခုနက ကြားတဲ့အသံက လေတိုက်လို့ ပြတင်းပေါက်တွေ အရှိန်နဲ့ပိတ်သွားတဲ့ အသံပဲ ဖြစ်ပါလိမ့်မယ် ။ သူ့အခန်းထဲက ပြတင်းပေါက်လေး အခု ပိတ်နေတယ်လေ ။ မနက်က သူဖွင့်ထားခဲ့တာ သေချာပါတယ် ။ 

F A T E ✔️Tempat cerita menjadi hidup. Temukan sekarang