အဖြေမရှိတဲ့ ပုစ္ဆာ

1K 162 14
                                    

ဆောင်းဟွန်းနဲ့အရှင့်သားက ငယ်ငယ်ကတည်းက ကစားဖော်ကစားဖက်ဖြစ်ခဲ့ကြတာ .. 

အရွယ်ရောက်လာတော့လည်း စစ်ရေးစစ်ရာတွေအတူတူ‌ေလ့ကျင့်ခဲ့ ကြရင်းအချင်းချင်း အပြန်အလှန်သင်ယူခဲ့ကြတယ် ။

မိုးက တဝေါဝေါသည်းနေပြီး လျှပ်စီးလက်တာတွေကိုပါ မြင်နေရတယ် , လျှပ်တစ်ခါလက်ရင် မှောင်နေတဲ့သူတို့အခန်းကပါ တစ်ချက်လင်းလာတာလေ ၊ ပြတင်းပေါက်က လေ တိုက်ကြမ်းလာတာနဲ့အညီ အရှိန်ပြင်းပြင်းနဲ့ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတော့ အစေခံကလေးမလေးက ခပ်သွက်သွက်လာပိတ်ရတယ် ..

သူတို့ရဲ့ အရှင့်သားလေးအိပ်ပျော်နေတာ နိုးသွားမှာလည်းစိုးရိမ်ရတယ်လေ ။

ဖယောင်းတိုင်တွေကုန်ခါနီးပြီမလို့ အသစ်ကို မီးညှိပေးပြီးထွက်သွားတော့ တံခါးပိတ်သံကြောင့် ဆောင်းဟွန်းက နိုးလာတယ် , တကယ်တော့ ဒီနေ့က အရှင့်သား အသက်ပြည့်ပြီးလို့ အိမ်ရှေ့စံရာထူးကို တရားဝင်အပ်နှင်းခံရတဲ့နေ့ဖြစ်တယ် , နောက်တော့ ပထမဆုံးအရက်သေစာသောက်စားခွင့်ရတဲ့နေ့ဖြစ်တာကြောင့်နှစ်ယောက်သား အခမ်းအနားပြီးတာတောင် အရှင့်သားရဲ့ အခန်းထဲမှာ ဆက်သောက်ဖြစ်နေတာ ..

မူးပြီးအိပ်ပျော်နေတဲ့အရှင့်သားက မျက်နှာလေးတွေရဲနေတယ် .. ပထမဆုံးသောက်ဖူးတာဆိုတော့ ခံနိုင်ရည်ရှိတဲ့ပုံမပေါ်သေးဘူး , ဆောင်းဟွန်းလည်းအိပ်ပျော်နေတာဘဲ , အစေခံကလေးမလေးကြောင့်သာ နိုးလာရတာ ..


""ဆောင်းဟွန်း ..""

မျက်လုံးမဖွင့်ဘဲနဲ့ ပါးစပ်က လုံးထွေးစွာရွတ်နေတဲ့ အရှင့်သားက မွေးကင်းစကလေးလေးနဲ့တူတယ် ..
ဆောင်းဟွန်းလည်း အရှင့်သားကိုကြည့်ပြီး ရယ်လိုက်မိသည်  ..

"" ကျွန်တော်ရှိတယ် ..အရှင့်သား "" 

"" သိလား .. မင်းစာရေးနေတဲ့ပုံက အရမ်း ချစ်စရာကောင်းတယ် ""

"" ဟင် ""

အသိစိတ်မကပ်တာကြောင့် အိပ်မက်ယောင်သလိုယောင်နေတာ , 
ဆောင်းဟွန်းလည်းကြောင်သွားပေမယ့် ဘာမှမပြောဘဲ ဆက်နားထောင်နေမိသည် .. ။


F A T E ✔️Where stories live. Discover now