သော့ခတ်သိမ်းဆည်းခြင်း

777 133 17
                                    

ဆောနူရဲ့ ဓားမြောင်သည် အရှင့်သားရဲ့ နှလုံးသားတည့်တည့်ကို ဆူးချွန်တစ်ခုလို စိုက်ဝင်သွားပြီး မြေအောက်ခန်းတစ်ခုလုံး ဆောင်းဟွန်းရဲ့ အော်သံများနှင့် ပြည့်နှက်သွားခဲ့သည် ။ ဖရေရာ ရဲ့ ဂါထာရွတ်သံတွေက ဆောင်းဟွန်းရဲ့ အော်သံနက်နက်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းငှာ မစွမ်းဆောင်နိုင် ။ 

ဆောနူ မပီမသပြုံးလိုက်ပြီး ကျေနပ်ချင်ယောင်ဆောင်လိုက်ပေမယ့် ရင်ဘတ်ထဲတွင် ဟာသွားတဲ့ ခံစားချက်ကို ဆိတ်ငြိမ်ခြင်းဖြင့် လိမ်ညာမိသည် ။ မျက်လုံးက သွေးအိုင်ကြားက အရှင်သားကို ကြည့်မိတော့ နောက်ဆုံးထွက်သက်မတိုင်ခင်ထိ သူ့ကို မျက်လုံးနက်နက်နှင့် စိုက်ကြည့်နေသောကြောင့် တုန်တုန်ရီရီဖြစ်လာပြီး အကြည့်လွှဲလိုက်သည် ။ 

အရှင်သားက ပြားပြားဝပ်လဲကျနေရင်း သူ့ရဲ့ ဘယ်ဘက်ရင်အုံကို ဖိထားသည် ။ ဝင်လေထွက်လေမမှန်ကန်ခြင်းတို့ကြားတွင်နာကျင်ခြင်းတို့က လာရောက်နှောက်ယှက်တဲ့အခါ အရာရာ ဆုံးရှုံးသွားတော့မလို ခံစားလိုက်ရ၏ ။ 

နိုင်ငံကိုမပိုင်ဆိုင်ရရင်တောင် ရတယ် ။ ဘုရင် ရာထူးကိုစွန့်လွှတ်ရရင်တောင် မနှမြောတာမလို့ သူ့ဆန္ဒကို အတ္တကြီးတယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိ ။ သူအတောင့်တဆုံးဆန္ဒက ဆောင်းဟွန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ရုံသာ .. ဘာကိုမှ တပ်မက်ခဲ့သည်မဟုတ် ။ သို့သော် ယခု ရရှိခဲ့ခြင်းကား သစ္စာဖောက်ခြင်းနှင့် နာကျင်ခြင်းတို့သာတည်း ။ 

""ဒီနိုင်ငံကိုပိုင်စားတဲ့ ဘုရင်ရဲ့ စစ်မှန်တဲ့တော်ဝင်သွေးအနေနဲ့ တိုင်တည်ပြီး ငါကျိန်တယ် ။ သံသရာမှာ မင်းတို့အားလုံးကို လက်စားချေနိုင်တဲ့သူဖြစ်ရပါလို၏ ။ နှစ်တိုင်းရဲ့ နှစ် ၂၀ ပြည့်တဲ့နှစ် ဒီနေ့လိုအချိန်တိုင်းမှာ မင်းတို့ရဲ့ ကြောက်စိတ်ကို တံခါးလာခေါက်တဲ့သူ ၊ မင်းတို့အားလုံးရဲ့ ရေစက်ကိုဖြတ်တောက်နိုင်တဲ့သူက ငါသာဖြစ်ရမယ် .. ပြောတဲ့အတိုင်း မဖြစ်နိုင်ရင် ငါကိုယ်တိုင်ပါ မကောင်းဆိုးဝါးအဖြစ်ပြောင်းသွားပါစေလို့ လောင်းကြေးထပ်ပြီးကျိန်တယ် "" 

F A T E ✔️Opowieści tętniące życiem. Odkryj je teraz