ပျော်ရွှင်ခြင်းလေး မင်း

1K 163 17
                                    

"" ဒီဖက် ဒီဖက်ကိုပေး ""

ဒုတိယနှစ်ဝက်ရဲ့ ကျောင်းတွင်းဘောလုံးပြိုင်ပွဲထပ်မံစတင်လာခဲ့ပြီ ။ ပထမ ပွဲကထက်ဆိုင်ရင် အားပေးတဲ့သူကလည်းပိုများလာပြီး အရင်ပွဲထက် စိတ်ဝင်စားဖို့ကောင်းလာခဲ့သည်။ ဘာလို့ဆို တစ်မိုးအောင် shim jaeyun နဲ့ park sunghoon က တစ်သင်းတည်း မဟုတ်ကြတော့ဘူး ဆိုတဲ့ သတင်းကြောင့်ဖြစ်သည် ။သူငယ်ချင်း နှစ်ယောက်ကိုပြိုင်ဖက်အနေနဲ့တွေ့ရမှာကြောင့် မည်သည့်အသင်းက နိုင်မလဲဆိုတာက တွေးကြည့်လေ ရင်ဖိုစရာကောင်းလေ ။

တစ်ဖက်အသင်းက ကစားသမားတစ်ယောက်က အလျင်စလို ထွက်သွားတာကြောင့် sunghoon က တခြားအသင်းကို မသွားချင်ဘဲသွားလိုက်ရသည် ။သူမသွားရင်လည်း jaeyun ကိုလွှတ်တော့မှာလေ ၊ အဲ့တာဆို jaeyun ကဘဲ ပိုစိတ်ညစ်ရမယ့်အတူတူ သူသွားပြီး jaeyun တို့ဘက်ကို မနိုင်နိုင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ။

"" Jaeyun ah ဘာတွေကိုငေးနေတာလဲ ""

ဘောလုံး လွှဲပေးလိုက်တဲ့ အသင်းသားရဲ့ စကားသံက လေထဲမှာတင် ပျောက်ရှသွားသည်။ဒိုင်လူကြီးမင်းက ဝီစီမှုတ်ပြီး ‌အခါခါအချက်ပေးပေမယ့် jake က သူ့ရှေ့က ဘောလုံးကို မကန်ဘဲ ဂိုးတိုင်နားကို ကျောက်ရုပ်တစ်ရုပ်လိုရပ်ကြည့်နေသည် ။ ဂိုးတိုင်ဘေးက မိန်းကလေးက သူ့ကို
မျက်လုံးနက်ကြီးတွေနဲ့ စိုက်ကြည့်နေတာ ။

"" နံပါတ် ၁၅ Shim Jaeyun ""

နောက်ခံစကားပြောသူက နာမည်တပ်ပြီး သတိပေးသော်လည်း သတိမကပ်တဲ့သူလို မတ်တပ်ရပ်နေဆဲ ။ သူ့ရှေ့က ဘောလုံးကို အသင်းထဲကတခြားတစ်ယောက်က ဖြတ်ယူသွားပြီး ဂိုးပေါက်ထဲဝင်သွားတာတောင်မှ သတိထားမိပုံမပေါ် ။ Sunghoon လည်း စိတ်ပူသွားပြီး ဆန့်ကျင်ဖက်ဂိုးပေါက်ကနေ ပြေးလာကာ jaeyun နားကိုရောက်လာသည် ။

"" Jaeyun မျက်လုံးမှိတ်ထားလိုက် မျက်လုံးမှိတ်လိုက်တော့ ""

အရှင့်သားမြင်နေရတာက လေလွင့်ခရီးသွားတစ်ယောက်ဖြစ်သည် ။ ခန္ဓာလိုချင်လို့ အချက်ပေးနေတာ ။ သူတို့နဲ့ မျက်လုံးချင်းဆုံလိုက်ရင် သတိလွတ်သွားပြီး သူတို့ရဲ့ ဆွဲဆောင်မှုနောက်ကိုနစ်မြောသွားရင်း ကိုယ့် လိပ်ပြာက အပြင်ထွက်သွားတော့မှာ ၊ အဲ့အချိန်ကြရင် သူတို့က ခန္ဓာအသစ်ရသွားပြီ ။

F A T E ✔️Where stories live. Discover now