ထွက်ပြေးခဲ့ခြင်းများ

1.1K 179 6
                                    

၁၉၁၀  လန်ဒန်မြို့  

ပရော်ဖက်ဆာက မျက်မှန်နဲ့သိပ်ကြည့်ကောင်းပြီး အမြဲတမ်းဝတ်ရုံရှည်ကို ကြယ်သီးမတပ်ဘဲဝတ်တတ်တယ် ။ ဦးထုတ်ဆောင်းလိုက်ပြီး ဆေးတံသာကိုက်ရင် စုံထောက်လို့တောင်ထင်ရမှာ ..။

"" ကျွန်တော်တို့ ဒီဖြစ်စဉ်ကို သဘာဝတရားကြီးနဲ့ ယှဉ်ပြီးကြည့်ကြမယ်ဆိုပါစို့ .. "" 

ရူပဗေဒအတန်းကိုကျွန်တော်စိတ်မဝင်စားဘူးရယ် .. ။ တကယ်တမ်း ဒီလူသားက အရှင့်သားများဖြစ်နေမလားဆိုပြီး ကျွန်တော်အတည်ပြုချင်လို့ လာခဲ့တာ ။ 

ရှေ့လျှောက် ပရော်ဖက်ဆာကို သေချာစောင့်ကြည့်ရတော့မှာဘဲ ..။

စာရှင်းနေတဲ့ ပရော်ဖက်ဆာက တည်ကြည်ပြီးတော့ အတန်းသားတိုင်းနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်တတ်တယ် ။ ကျွန်တော်ကတော့ သူ့မျက်လုံးတွေကို ရင်ဆိုင်ဖို့ အဆင်မပြေသေးတာမလို့ ရှောင်လွှဲကြည့်နေခဲ့တာ ..။ 

"" ဟိုးနောက်ဆုံးတန်းကကျောင်းသား .. ဒီ အခု ကျွန်တော်ပြောသွားတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဘာများ 

ပြောချင်လဲ .. ""

နောက်ဆုံးတန်းမှာထိုင်နေတာက ကျွန်တော်ဘဲရှိတာမလို့ အရှေ့တန်းက ကျောင်းသားတွေရဲ့အာရုံက ကျွန်တော့်ဆီရောက်လာတယ် ..။ ကျွန်တော့်လို ဘဝပေါင်းများစွာကျော်ဖြတ်လာခဲ့ပြီးသား သက်ရှိတစ်ယောက်အနေနဲ့ ဒီပုစ္ဆာလေးတွေက မခက်ခဲဘူး ..။ ကျွန်တော်လည်းပရော်ဖက်ဆာ ဖြစ်ခဲ့ဘူးတာဘဲ ။

ဒီပုစ္ဆာထက်ခက်ခဲတဲ့ အရာတွေအများကြီးကိုကျွန်တော်က ဖြေရှင်းဖို့ကြိုးစားနေရတာ ..။ 

ဆရာနဲ့တန်းတူပြိုင်ဆွေးနွေးနိုင်တဲ့ကျောင်းသားတစ်ယောက်အနေနဲ့ကျွန်တော့်ကို အားလုံးက အားကျ အထင်ကြီးကြသလို ပရော်ဖက်ဆာကလည်းကျေနပ်စွာပြုံးနေတယ် ။ 

ဒီအပြုံးလှလှလေးက ကျွန်တော်မြတ်နိုးရတဲ့သူဆီမှာဘဲရှိတာ ...။ ပြုံးပြီးရင် ခေါင်းကိုငုံပြီး ဖြည်းဖြည်းချင်းခေါင်းငြိမ့်တတ်တာလေးရော ..ကျွန်တော် အများကြီးလွမ်းနေခဲ့ရတာ ..။ အားလုံးက ရှင်သန်ခြင်းနဲ့သေဆုံးခြင်းသံသရာမှာလည်နေကြတဲ့သူတွေလေ .. သူတို့ကိုလွန်ဆန်ပြီး ထာဝရရှင်သန်ဖို့ကြိုးစားနေတဲ့သူတွေက  မှားနေတာမဟုတ်လား ..။ ကျွန်တော့်ကြောင့်နဲ့ ထို အပြုံးပိုင်ရှင်လည်းဒုက္ခများခဲ့ရပေါင်းမနည်းပြီ။

F A T E ✔️Where stories live. Discover now