ပုံပြင်တစ်ပုဒ်၏ ဇာတ်သိမ်း

1.3K 159 29
                                    

ဒီညကိုလွန်ရင်ရောက်လာတော့မယ့် ကျွန်တော့်ရဲ့ အသက် ၂၀ ပြည့်မွေးနေ့အတွက် စိတ်လှုပ်ရှားနေသော်လည်း ထိုနေ့က လပြည့်နေ့ဖြစ်နေသောကြောင့် အပြည့်အဝတော့ မပျော်နိုင် ။ ကျောင်းမသွားဖြစ်သောကြောင့် တစ်နေကုန် ထိုင်လိုက် ၊ ထလိုက်နှင့် အချိန်တွေကို အလကားဖြုန်းတီးမိသည်မှာ ညတောင်ရောက်နေပြီ ။ တစ်နေ့လုံး ဆောင်းဟွန်းကို တွေ့ချင်ပေမယ့်လည်း သူသည်းခံထားရသည် ။

လပြည့်ညကျော်တဲ့အထိသူဟာ ဆောင်းဟွန်းနဲ့ဝေးဝေးနေဖို့စဉ်းစားထားသည် ။ ဒါမှသာ သူမကောင်းဆိုးဝါးဖြစ်သွားရင်‌တောင် သူချစ်တဲ့သူတွေကိုမထိခိုက်စေဘဲ အဝေးဆုံးကို ထွက်သွားလို့ရမှာ ။ 

တိုင်ကပ်နာရီက နံပါတ် ၁၀ ကိုညွှန်ပြနေသောကြောင့် အိမ်ကနေ တိတ်တိတ်လေးထွက်သွားရန် ပြင်မိတယ် ။ သူချစ်ရတဲ့သူထဲမှာ အမေနဲ့ အဖေလည်းပါတာမလို့ သူတို့ကိုပါ အန္တရာယ်ကင်းစေချင်တယ် ၊ ဒီဘဝမှာ အဖေနဲ့အမေက ကျွန်တော့်အတွက် လိုတာထက်ပိုတဲ့ မိဘမေတ္တာတွေပေးခဲ့ပြီးပြီလေ ။ 

"" ယွန်းလေးအဆင်ပြေပါ့မလား "" 

မူရာက ပြတင်းပေါက်ကနေ လိုက်ကာစကို အနည်းငယ်ဟကြည့်ပြီးထွက်သွားတဲ့ ဂျယ်ယွန်းကိုကြည့်ကာ ယူကျုံးမရစွာပြောတယ် ။ သူမတတ်နိုင်သလောက် ဆောင်းဟွန်းနဲ့ ယွန်းကို ပြန်အဆင်ပြေအောင်လုပ်ပေးခဲ့ပေမယ့် ဒီ့ထက်ပိုပြီး သူမ လုပ်ပေးနိုင်တာဘာမှမရှိပေ ။ အနှစ်နှစ်အလလလည်နေတဲ့ အတ္တစက်ဝန်းကနေ ထွက်ပေါက်ရှာဖို့အချိန်ရောက်လာတဲ့အခါ တစ်ချိန်က သူ့ကို အားကိုးတကြီး ချစ်ရှာတဲ့ မိန်းကလေးတစ်ဦး အဆင်ပြေပါ့မလားလို့ တွေးပူမိပြန်တယ် ။

"" ဖရေရာနဲ့ နောက်ဆုံးတစ်ခါတွေ့ချင်လား "" 

"" ဟင့်အင်း .. မတွေ့တာကောင်းလိမ့်မယ် ။ ကျွန်မသူ့ကိုခွင့်မလွှတ်ချင်ဘူး "" 

"" အမှားကို အမုန်းနဲ့ချေလို့မှမရတာ မူရာရယ် "" 

တောစောင့်နတ်ဟာ သူ့ကို အချိန်တိုင်းအကောင်းဆုံးအကြံဉာဏ်တွေဘဲ ပေးခဲ့တဲ့သူ ။ ဖရေရာနဲ့မတွေ့အောင် တမင် ရှောင်ခိုင်းနေခဲ့ပေမယ့် အခု သူကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ တွေ့စေချင်နေတယ် ။ ဒီတစ်ခါတော့ မူရာ မငြင်းနိုင်တော့ဘူး ။ နောက်ဆုံးအနေနဲ့ ထားခဲ့တဲ့ သံယောဇဉ်ကိုထောက်ပြီး ဖရေရာနဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီ ။ ဖရေရာ သူ့အပေါ်မှာ ဂရုစိုက်ပေးခဲ့တာတွေက စိတ်ရင်းသာဖြစ်ခဲ့သည်မို့ ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံတယ် ။ 



F A T E ✔️Opowieści tętniące życiem. Odkryj je teraz