စည်း

918 142 16
                                    

"" ရှင် ကျွန်မကို တကယ်ရော ချစ်ရဲ့လား ""

လူကြီးမင်း ပတ်ရဲ့ သားက သိပ်ကို ကြည့်ကောင်းတယ် ၊ ယောက်ျားပီသတဲ့ ဗလနဲ့ ခပ်စိမ်းစိမ်း ပါးသိုင်းမွှေးရေးရေးလေးတွေက မိန်းကလေးတိုင်းရဲ့ အားနည်းချက်လို ဖြစ်နေတာ ။သူ့ ရင်အုပ်ကျယ်ကြီးထဲကို ခိုဝင်ချင်ကြတဲ့ မြို့ထဲက အပျိုစင်မိန်းကလေးတွေက လက်ချိုးမရေနိုင်ဘူး ။

ပွဲဈေးတစ်နေရာမှာ ဘာမှကြိုးစားဖို့တောင်မလိုဘဲ အနီရင့်ရောင် မျက်ဝန်းတွေနဲ့ သူမကို သူက တစ်ခါတည်းကြွေသွားခဲ့တာတဲ့လေ ၊ ဖရေရာ သူ့ကို တွေ့နေရတာသဘောကျတယ် ။ ဒါကြောင့် သူ့ကို အသုံးမချချင်ပါဘူး ။ သူက မမမူရာပြီးရင် ဖရေရာ့အပေါ် စိတ်ရင်းနဲ့ ဆက်ဆံတဲ့ ဒုတိယမြောက် ၊ ပထမဆုံး‌သော လူသားလေ ..။

တစ်နေ့သော ညနေခင်းမှာ ဖရေရာက ကြက်သွေးရောင် ပိုးသားဂါဝန်လေးနဲ့ သိပ်ကိုလှနေခဲ့တာ .. လူကြီးမင်းပတ်ရဲ့သားနဲ့ သူတွေ့နေတာ ကြာပြီ ၊သူ့နာမည်ကို ဖရေရာမသိသလို ဖရေရာ့နာမည်ကိုလည်း သူမမေးခဲ့ဘူး ။ဒါပေမယ့် သူ ဖရေရာ့ကို ချစ်နေပြီဆိုတာ သူ့မျက်လုံးတွေကိုကြည့်တာနဲ့ သိပါတယ် .. ချစ်တဲ့သူကို ကြည့်တဲ့ မျက်လုံးနဲ့ တခြားသူကိုကြည့်တဲ့မျက်လုံးက မတူဘူးတဲ့ ..။

ဈေးထဲက ပေါင်မုန့်ဆိုင်မှာ ဖရေရာတို့တွေ့နေကြ သူက ""ပေါင်မုန့်ဆိုင်ကို ပေါင်မုန့်ကြောင့်လာတာမဟုတ်ဘူး ပေါင်မုန့်ထက် စွဲမက်စရာကောင်းတဲ့ မင်းကြောင့်လာတာ..""လို့ ရုပ်တည်ကြီးနဲ့ ဖ‌ရေရာသူ့ကိုကြွေလာအောင် ချွေတတ်သေးတယ် ။ ခံစားချက်ကို အတည်တကျဝန်ခံခြင်းမရှိဘဲ စကားလုံးလှလှလေးတွေနဲ့ ဖရေရာရင်ခုန်အောင်လုပ်တတ်ပေမယ့် ဖရေရာက တခြားမိန်းကလေးတွေလို ရှက်သွေးဖြာခြင်းတောင်မရှိဘဲ သူ့ကို စိုက်ကြည့်နေတတ်တာက သူ့အတွက် ဆွဲဆောင်မှုရှိနေခဲ့တာ ဆိုဘဲ ..။

ဖရေရာလည်း သူ့နဲ့ တွေ့ရတာ ပျော်တယ် .. အချိန်ကြာတော့ သံယောဇဉ်တောင် ဖြစ်လာတယ်ဆိုရမလား ၊ မမမူရာသာ ထာဝရရှင်သန်ခြင်းစာအုပ်ကိုရရင် သူ့ကိုလည်း ဖရေရာနဲ့ အတူတူ အမြဲတမ်းနုပျိုနေအောင် လုပ်ပြီး ဖရေရာတို့ ကမ္ဘာတည်နေသ၍ အတူရှိသွားကြဖို့ ဆုံးဖြတ်ထားတယ် ။

F A T E ✔️Opowieści tętniące życiem. Odkryj je teraz