3 🍊

2.3K 248 28
                                    

* ထယ်ယောင်းက ယွန်းဂီ့နာမည်မသိသလို ယွန်းဂီကလည်း သူ့နာမည်တောင် မှတ်မရတဲ့ အခြေ‌အနေမို့ ယွန်းဂီကို ' ကောင်လေး ' လို့ သုံးလိုက်ပါတယ် *

ညနေ‌ အိပ်ရာဝင်ချိန်တော့ ထယ်ယောင်း အလုပ်စာရွက်စာတန်းတွေ သိမ်းပြီး သူ့အခန်းထဲ ဝင်သွားလိုက်တယ် အခန်းထဲ ရောက်တော့ ဘောင်းဘီပွပွနဲ့ သူ့အကျီယူဝတ်ပြီး
အခန်း ပြတင်း‌ပေါက်နား လကို မော်ကြည့်နေတဲ့ ကောင်လေး

အခန်းမီးပိတ်ထားပေမယ့် လရောင်အောက်မာ
အထင်းသားဖြစ်နေတဲ့ ကောင်လေးက မိန်းကလေးတွေထက် လှတာအမှန်
ထယ်ယောင်း ထိုကောင်လေးအား ခဏတာ ငေးမောမိတယ် သူ့ရဲ့ မျက်လုံး နှုတ်ခမ်း ပါးပြင်လေးတွေက မြတ်နိုးဖွယ် နောက်ပြီး အကျီက သူနဲ့ ကြီး‌နေတာကြောင့် လျောကျနေပြီး ပခုံးသားဖွေးဖွေးက ထယ်ယောင်းရဲ့ စိတ်ရိုင်းအား နိူးဆွနေပုံ အတန်ကြာမှ ထယ်ယောင်းအနားရှိနေတာ သတိထားမိတဲ့ ကောင်လေးကြောင့် ထယ်ယောင်း သူခိုးလူမိသလို အိုးမလုံခွက်မလုံနဲ့

" အဟင်းး မအိပ်သေးဘူးလား? "

" ဒယ်ဒီ့ကို စောင့်နေတာလေ "

" အွန်းးး မင်း..မင်းအကျီ "

ထယ်ယောင်း အခြားနေရာအား အကြည့်လွဲပြီး ထိုကောင်လေး ပေါ်နေတဲ့ ပခုံးကို အကျီနဲ့ ပြန်ဖုံးပေးလိုက်တယ်

" မင်းကို အကျီ ဝယ်ပေးထားတယ်လေ ဘာလို့ ကိုယ့်အကျီ ယူဝတ်ထားတာလဲ ပခုံးတွေ ပေါ်နေတာ မမြင်ဘူးလား "

" တောင်းပန်ပါတယ် တားက ကြိုက်လို့ ယူဝတ်မိတာပါ "

စိတ်မကောင်းဖြစ်သွားတဲ့ ကောင်လေးကြောင့် ထယ်ယောင်းလည်း သူအမှားပါလို့ သာကိုယ့်ကို ကိုယ်အပြစ်တင်လိုက်တယ် တကယ်က ယူဝတ်တာ ဘာမှမဖြစ်ပေမယ့် ဒီလိုသာ ပခုံးတွေ ပေါ်နေရင် ထယ်ယောင်း ဆက်ပြီး သဘောကောင်းနိုင်မည်မဟုတ် သူလည်း လူသားဘဲဟာ အသွေးအသားဆန္ဒရှိတာပေါ့

" ဟိတ် ဟိတ်..ဘ..ဘာလုပ်တာလဲ "

ကောင်လေးက စိတ်မကောင်းဖြစ်ပြီ သူ့အကျီတွေကို ထယ်ယောင်းရှေ့မာတင် ချွတ်မယ်လုပ်တော့ ထာ်ယောင်း အမြန်ပင်တားလိုက်ရသည်

Baby Boy 💕 [ Completed ]Where stories live. Discover now