ထယ်ယောင်း ယွန်းဂီအား ကားပေါ် တက်စေပီး အကောင်းဆုံးစားသောက်ဆိုင်ဆီ ခေါ်သွားတယ်
" ကလေး ဆင်းခဲ့ "
" ဟင့်အင်း ကြောက်ဒယ် ဦး လူတွေလည်း တစ်ယောက်မှ မရှိကြဘူး
တရဲခြောက်ရင် ဘယ်လိုယုတ်မလဲ? "ထယ်ယောင်း ထိုကောင်လေးစကားကို သေချာနားထောင်ရတယ် စကားမပီသလို ပြောနေတာမို့ သိပ်နားမလည်ပေမယ့် ကောင်လေးငယ်က ချစ်စရာကောင်းလွန်းတယ်
" ဟားဟား မကြောက်ပါနဲ့ ဒါက အဆင့်မြင့်စားသောက်ဆိုင်မို့ လူတွေ သိပ်မရှိတာပါ ကိုယ့်ကို ယုံတယ်မလား "
မထင်မှတ်ဘဲ ထွက်သွားတဲ့ စကား " ကိုယ့်ကို ယုံတယ်မလား" တဲ့ ဒီစကားက ဘယ်အဓိပ္ပာယ်လဲဆိုတာ ထယ်ယောင်း ကိုယ်တိုင်မသိ သိလည်း မသိချင် ကိုယ်က မွေးကတည်းကနေ လူပျိုကြီးမို့ စိတ်ရှူပ်လွန်းလို့ သွေးတိုးသွားမာ စိုးတယ်😣
" ဟုတ် ယုံဒယ် ဦး ဟီးး "
ရှိသမျှ သွားတွေအကုန်ဖြီးပြရင်း ဖြေလာတဲ့ ကောင်လေးဟာ အသည်းယားစရာ
" အွန်း ဒါဆိုဆင်းခဲ့ လာ "
ထယ်ယောင်း ထိုကောင်လေးလက်ကို ဆွဲပြီး
စားသောက်ဆိုင်ထဲ ဝင်သွားတယ်
ထယ်ယောင်း ပြောသလို ထိုစားသောက်ဆိုင်က
အနည်းငယ် လူပြတ်တယ် တစ်ချို့သူဠေးတွေတောင် မလာနိုင်တဲ့ စားသောက်ဆိုင်မျိုး
ယွန်းဂီကတော့ နေရာစုံလိုက်ကြည့်နေတယ်" ကလေး ဘာစားမလဲ? "
" တားသိဖူး စားယို့ရရင် ရဖီ "
" Hk! "
ထယ်ယောင်း သဘောကျစွာရယ်လိုက်ရင်း
စားပွဲထိုးကို လှမ်းခေါ်ပြီး မှာစရာရှိတာ မှာလိုက်တယ်" ကောင်လေး မင်းမိဘတွေရော? "
" သိဖူး "
" နာမည်ကရော? "
" ဂါးးးဦးဦးနော် ဘာလို့အဲ့လောက်
မေးနေရတာလဲ "" ဟုတ်ပါပြီ မေးမိတဲ့
ကျတော့်အမှားပါခင်မျာ "" ခ်စ်ခ်စ် "
ထယ်ယောင်း ပြောင်သလိုလိုနဲ့ ပြောလိုက်တော့
သဘောကျစွာ တခ်စ်ခ်စ် ရယ်လာတဲ့ ကောင်လေး ဘာလို့မှန်းမသိ သူ့အပြုံးလေးက ချိုတယ် ရင်ထဲ နွေးခနဲ