6 🍊

2.2K 207 11
                                    

အချိန်တွေဟာ တစ်ဖြည်းဖြည်း ကုန်ဆုံးလာခဲ့တယ် ခုဆို ငယ် ထယ်ယောင်းအိမ်ပေါ် ‌ရောက်နေတာ တစ်လပင်ပြည့်တော့မည် တစ်ရက်ထက်တစ်ရက် ချစ်စရာကောင်းပြီး ရစ်တတ်လာတဲ့ ငယ်‌ ထယ်ယောင်းကလည်း သူငယ့်အပေါ် သူစိမ်းဆိုတာထက် ပိုတယ်ဆိုတာ
လက်ခံလာတယ်

" ဒယ်ဒီ~ "

ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ငယ့်ကို အပြင်လျှောက်လည်ကြမယ်လို့ ပြောထားတာ တော်တော်လည်တဲ့ ကလေး မနက်စောစော
အနားကနေ မခွာ ခေါ်နေပြန်

" ငယ်ရယ် ဒယ်ဒီ ခဏအိပ်ပါရစေ "

" ဟွန့်..ဒယ်ဒီဘဲ အပြင် လိုက်ပို့မယ်ပြောပြီတော့ ငယ့်ကို မချစ်တော့ဘူးလား ဒယ်ဒီ "

မချစ်တော့ဘူးလား ဆိုတာ သူ့ရဲ့ လက်သုံးစကားလို ဖြစ်နေပြီ လိုချင်တာမရရင် မချစ်တော့ဘူးလား ဆိုပြီး ရစ်တတ်တဲ့ စွကလေးလေး ထုထည့်လိုက်ရ

" ချစ်ပါတယ်ဗျ အဲ့လို နှုတ်ခမ်းကြီး
စူမထားပါနဲ့  ချစ်ဆုံးလေးရယ် "

" အဲ့ဆို ထတော့ "

" ထပြီ ထပြီ ငယ်လည်း အဝတ်အစား
လဲတော့ "

" ဟုတ် ဒယ်ဒီ မွမွယူ (~ ̄³ ̄)~ "

~ ပြွတ် ပြွတ် ~

ဘယ်ဘက်ပါးကို တစ်ခါ ညာဘက်ပါးကို တစ်ခါ နမ်းသွားတဲ့ ငယ် ထယ်ယောင်း သဘောကျစွာ ရယ်လိုက်ပြီး ရေချိုးခန်းထဲ ဝင်ကာ ပြင်ဆင်‌တော့တယ်

______________________________________

" ငယ် ပျော်လား "

" ခိခိ ပျော်တယ် ဒယ်ဒီ အရမ်းဘဲ
ဒယ်ဒီ ဒယ်ဒီ အိုက်စခင်း(ice cream)
စားမယ် "

" ဒယ်ဒီ သွားဝယ်လိုက်မယ် ဒီမာ ခဏစောင့်
ဘယ်မှ မသွားနဲ့နော် "

" ဟုတ် "

ထယ်ယောင်း ငယ့်အတွက် ရေခဲမုန့်ဝယ်ဖို့ ထွက်လာလိုက်တယ်


ထယ်ယောင်း သွားဝယ်နေတဲ့ အချိန် ငယ့်နားကို လိပ်ပြာလှလှလေး တစ်ယောက် ရောက်လာတယ်

" ဟာ လိပ်ပြာလေး အိမ်ကို ယူသွားမယ် ခိခိ
ဒီကိုလာ လိပ်ပြာလေး ! "

လိပ်ပြာလေးကို ပြေးဖမ်းရင်း  မတော်တဆ
လူတစ်ယောက်နဲ့ ဝင်တိုက်မိတယ်

Baby Boy 💕 [ Completed ]Where stories live. Discover now