1 🍊

3.7K 288 47
                                    

အဆင့်မြင့်အနက်ရောင် ကားတစ်စီးဟာ ဆိုးလ်မြို့ပြင်ကို တစ်ရွှေ့ရွေ့ သွားနေတယ် ထိုကားထဲ
အသက် ၄၀ အရွယ် ယောက်ကျားတစ်ဦး အမျိုးသမီးတစ်ဦး အသက် ၂၀ အရွယ် ကောင်လေး.....

" မာမီ သားတို့ ရောက်တော့မာလားဟင်? "

" အင်း ယွန်းဂီလေး နောက်နည်းနည်းလေး သွားရင်‌ရောက်ပီ "

" ဟုတ် "

ဒီနေ့ ယွန်းဂီ စိတ်‌တွေလှုပ်ရှားနေတယ် ဒီနေ့က သူ့ရဲ့ အသက် ၂၀ ပြည့်မွေးနေ့ ဖြစ်တဲ့အတွက် မြို့ပြင်က မိဘမဲ့ဂေဟာ‌မာ သွားလှူဖို့ သွားတာ ဖြစ်တယ် ယွန်းဂီက ကြင်နာတတ်တဲ့ ကောင်လေးပင် ကလေးတွေဆို အရမ်းချစ်တဲ့ကောင်လေး......ထိုနေ့က သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ် ဆိုတာကို ကြိုသိခဲ့ရင် သူခုလို ပျော်ရွှင်နိုင်ပါအုန်းမလား?

" ကဲ ယွန်းဂီ ရောက်ပီ "

" ဟုတ် ဒယ်ဒီ ဟီးး "

" ယွန်းဂီ ခဏ ဒယ်ဒီတို့ ခဏသွားလိုက်အုန်းမယ်
သားမွေးနေ့အတွက် လိုအပ်တာလေး ဝယ်စရာရှိလို့ "

" ဟုတ် ဒယ်ဒီ ဂရုစိုက်ပီး သွားပါ "

Mr.Min  လည်း ယွန်းဂီ့ကို ပြန်ပြုံးပြရင်း ထွက်သွားတယ် ယွန်းဂီလည်း ဂေဟာကို ငယ်ငယ်ကတည်းက ရောက်ဖူးတာကြောင့် ရင်းနှီးနေပီ ထို့ကြောင့် ကလေးတွေ ရှိတဲ့နေရာကိုသာ သွားလိုက်တယ်

" ဟေးး ဟိုးမာ တိုတို ယွန်းတီ ယာဒယ် "

စကား မပီမပြင်လေးနဲ့ ယွန်းဂီရောက်လာ‌လို့ ပျော်နေတဲ့ ကလေးတွေက အရမ်းချစ်စရာကောင်းတယ် ဆိုတာ ယွန်းဂီ့အပြုံးလေးတွေက သက်သေပင်

" Aigoo ချစ်စရာကောင်းလိုက်တာ "

" တိုတို တားယို့အထွက် ဘာဖာလဲဟင်? "

" သားတို့အတွက် မုန့်ပါတာပေါ့ ဒီနေ့ ကိုကို့မွေးနေ့လေ "

" ဟီးး အဲ့ကြောင့် တိုတိုကို ဂျစ်တာ "

" ဟားဟား ဟုတ်ပါပြီ "

* ရွှတ် *

ယွန်းဂီ စကားတတ်လွန်းတဲ့ ထိုကလေးငယ်ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်တယ်
ကလေးက ရှက်သွားတယ်ထင်တယ် ပါးလေး‌တွေပင် နီရဲလို့

Baby Boy 💕 [ Completed ]Where stories live. Discover now