" ငယ်~ ပင်ပန်းနေပြီလား "
ထယ်ယောင်းတို့ နှစ်ဦး ဒယ်ဂူကို ညပိုင်းလောက်မှ ရောက်သည် ရောက်တာနဲ့ အခန်းထဲပြေးဝင်ကာ ပက်လက်လဲချလိုက်တဲ့ ယွန်းဂီက ကားစီးရတာ ပင်ပန်းနေဟန်...
" ဟင့်အင်း~ ဒယ်ဒီနဲ့တူတူရှိနေရင် မပင်ပန်းဘူး ဒါမဲ့ အိပ်ချင်ဒယ် ဝါးးးးး "
" Hk! ငယ်ရာ ပြောတတ်လိုက်တာ
အင်း အိပ်ချင်ရင် ညစာ စားပြီးမှအိပ် ဘာမှမစားရင် နေမကောင်းဖြစ်မယ် ဒယ်ဒီ ညစာချက်ပေးမယ်နော် "" ဟုတ် ~ "
_________________________________________
" ဝါးးးး 🥱 "
ညစာ စားပြီးလို့ တင်းနေတဲ့ ဗိုက်ကို အသာပွတ်ရင်း သန်းနေတဲ့ ယွန်းဂီ...
" ငယ် အိပ်ချင်ပြီလား "
" ဟုတ် "
" ဒါဆို သွားအိပ်လိုက်တော့နော် ဒယ်ဒီ ပန်းကန်တွေဆေးလိုက်မယ် "
" ဟင့်အင်း~ ဒယ်ဒီနဲ့ တူတူအိပ်မာ "
" အခန်းတွေရဲ့ကုတင်က တစ်ယောက်တည်းအိပ်ကုတင်တွေ ငယ်ရဲ့ တူတူအိပ်ရင် ကျပ်လိမ့်မယ် "
" ဒယ်ဒီနဲ့ ဖက်အိပ်မယ်လေ~ 🥺 "
" ဟားဟား အဲ့မာချွဲနေလိုက် ကောင်းပြီ ဒယ်ဒီလာခဲ့မယ် ငယ်ကအခန်းထဲအရင် သွားနှင့် "
" ဟုတ် အဟီးး "
^ ကြာရင် ဒီလူကြီးက အရည်ပျော်တော့မယ် ငယ်ရာ... ^
_______________________________________
ထယ်ယောင်း ပန်းကန်တွေဆေးပြီးလို့ အခန်းထဲ ဝင်သွားလိုက်တော့ ယွန်းဂီက အိပ်ပျော်နေပြီလေ ဟောက်သံလေးပါ ထွက်လိုက်သေးတယ်...
" ချစ်လိုက်တာ ငယ်ရာ "
ထယ်ယောင်း အိပ်ပျော်နေတဲ့ ယွန်းဂီ့ကို စောင်ခြုံပေးလိုက်ပြီး နဖူးပေါ် နမ်းလိုက်တယ်
" အင့် ~ ဒယ်ဒီ ~ "
အိပ်နေရင်း ယောင်တာတောင် ကိုယ့်ကို သတိရသေးတာကြောင့် ထယ်ယောင်း ပျော်လို့မဆုံး တကယ်ပါ ဒီကလေးကို ချစ်လွန်းလို့ ရင်ဘတ်ကြီး ပေါက်ထွက်တော့မယ် ငယ်မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အချိန်ကျရင် လက်ထပ်ခွင့်တောင်းမယ်လို့ မျှော်လင့်ထားတာ ဒါပေမယ့်...
ငယ်မှတ်ဉာဏ်တွေ ပြန်ရလို့ သူ့ကိုမေ့သွားပြီး လက်မခံရင်ကော ဆိုတဲ့ အတွေးကနောက်ဆက်တွဲ ပါလာတော့ သူစိုးရိမ်မိတယ်...
ဘာဘဲဖြစ်ဖြစ် သူ့ဘက်က ဆက်ချစ်နေမာမို့ ထယ်ယောင်း ဘာကိုမှမတွေးတော့ဘဲ အိပ်ပျော်နေတဲ့ ချစ်ရသူခါးကိုတင်းတင်းဖက်ပြီး အိပ်ပျော်ပါတော့တယ်....