7

991 107 12
                                    

Flash back
..................
Jin - ကိုကို....ကိုကိုရေ Jin သွားပြီနော်...
Yg - အင်း.... ကောင်းကောင်းသွားနော်

Sunday ရောက်တိုင်း အကိုဖြစ်သူ Min Yoongi ရဲ့ အိမ်ကို သွားအိပ်တတ်တဲ့ Jin က နောက်တဟ်နေ့ဆိုရင် အခုလိုပဲ နှုတ်ဆက်ပြီး ပြန်နေကြ

Kim seok jin နဲ့ Min Yoongi တို့ကညီအကိုလို့ ပြောပေမယ့် တကယ်တမ်းက အမေတူအဖေကွဲ ညီအကိုတွေ Yoongi လေးအသက် 5နှစ်လောက်မှာ Yoongi အမေက Mr.Kim နဲ့ လက်ထပ်လိုက်ပြီး Jin လေးကို မွေးဖွားလာခဲ့တာ
Mr.kim က yoongi လေးကို သားအရင်းလို သဘောထားပြီး ပြုစုစောင့်ရှောက်သလို Yoongi လေးကလည်း မွေးလာတဲ့ Jin လေးကို အရမ်းချစ်ပြီး ဂရုစိုကိပေးခဲ့တာ ကြီးလာခဲ့သည်အထိ
Mr.Kim ရဲ့ အလုပ်ကြောင့် Jin 10 နှစ်အရွယ် Yoongi 15နှစ်အရွယ်ကတည်းက Paris ကို ပြောင်းရွေ့နေထိုင်ခဲ့ကြတာ အခုဆိုရင် မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့ကြပြီ ဖြစ်သည်
Yoongi က အဖေလုပ်ခဲ့တဲ့ company မှာပဲ ဆက်လုပ်ဖြစ်ပြီး အခုဆိုရင် ရုံးခွဲတစ်ခုရဲ့ အကြီးဆုံးနေရာမှာ ရောက်နေပြီဖြစ်သည်
Jin ကတော့ Yoongi လို management ပိုင်းကို စိတ်မဝင်စားပဲ ဟင်းချက်ရတာကို အလွန် သဘောကျတာကြောင့် ချက်ပြုတ်ချင်းကိုပဲ လေ့လာသင်ကြားပြီး အခုဆိုရင် Sofitel Le Scribe Paris Opera Hotel ရဲ့ Chef တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်

မိဘများနှင့် အတူနေခဲ့သည့်အိမ်ကိုတော့ Yoongi ကို ဆက်နေစေပြီး Jin က သီးသန့်အနေဖြင့် Apartment လေးနဲ့ နေချင်တယ်ဆိုတာကြောင့် အိမ်ခွဲနေကြခြင်းဖြစ်သည် သို့သော် Jin ရဲ့ နားရက်ဖြစ်တဲ့ Sunday တိုင်းကိုတော့ Yoongi ဆီ ပြန်ကာ ညီအကိုနှစ်ယောက် အတူနေဖြစ်ကြသည်

Jin အိမ်ကထွက်လာပြီး Hotel ရောက်တာနဲ့ Chef နားနေဆောင်သို့ သွားကာ အဝတ်အစားသွားလဲတော့

Sofia - Hey jin..... ရောက်ပြီလား... ဒီနေ့ စောသားပဲနော်

Jin - ဟုတ်တယ် Sofia....

Sofia ဆိုတဲ့ ပြင်သစ်မလေးက Jin ကို ဝိုက်ဖို့ စောင့်နေတဲ့ ကောင်မလေးတစ်ယောက် ဒါကို Jin က သိတော့ အလိုက်အထိုက်သာ ဆက်ဆံလေ့ရှိသည် Jin ရဲ့ အကြိုက်က အရှေ့တိုင်းသူလေးတွေ  
အနောက်တိုင်းသူက jin 'style မဟုတ်တာကြောင့်ရယ် နောက်တစ်ခုက hotel က chef တော်တော့များများက ချောလွန်းတဲ့ sofia ကို ကြွေနေတာကြောင့် ရန်မများလိုတဲ့ Jin က ရှောင်နေတတ်သည် သို့သော်လည်း Jin အနား တဝဲလည်လည် လုပ်နေတတ်တာကြောင့် sofia နဲ့ ပတ်သတ်ရင် Jin ကို ကြည့်မရတဲ့ သူတွေလည်းရှိ သည် ထို အထဲတွင် american-korea စပ်ထားတဲ့ Matt ဆိုတဲ့ တစ်ယောက်က ပိုဆိုးသည်

MY Essentials (Completed)Where stories live. Discover now