မှန်ပြတင်းပေါက်လေးမှာ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး အတွေးများစွာနဲ့ ရပ်လျက်ရှိနေတဲ့ Jin..
Yg - Jin လေး... ဘာတွေ တွေးနေတာလဲ.. ဧကန္တ korea ကို သတိရလို့လား...
Jin - အင်း ဟုတ်တယ် ကိုကို ဒီပြန်ရောက်တာ လည်း ကြာပြီဆိုတော့ ဟိုကို သတိရနေတာ ဆေးရုံကြီးရော ကလေးတွေရော.....
Yg - ပြီးတော့ ဆရာဝန်လေး နှစ်ယောက်ရော.... ဟုတ်တယ်မလား jin လေး...
Jin - ဟာ.... ကိုကိုကလည်း...
Yg - ရှက်မနေပါနဲ့.... ညီအကိုချင်းပဲ ကို့ညီလေး ဘာတွေးတယ် ဆိုတာ ကိုကိုက သိပြီးသား လာ coffee သောက်ရအောင် ကိုကို ဖျော်ထားတယ်...
Jin - ဟုတ်ကိုကို... ဒါနဲ့လေ HS hyung နဲ့ ကိုကိုနဲ့က ရော....
Yg - ဘာကိုလဲ Jin လေးရဲ့
Jin - ကိုကိုတို့ကတော့ လုပ်ပြီ မသိတာလား... မသိချင်ယောင်ဆောင်နေတာလား...
ဟိုကဖြင့် မြောင်းဖောက်ရုံတင်မဟုတ်ဘူး ဆည်လည်းဆောက်ပြီးနေပြီ ရေလာအောင်လည်း မော်တာတွေနဲ့ စုပ်တင်နေပြီ ဒါတောင် ရေက မထွက်သေးဘူးလား😒😒😒Yg - jin လေးကလည်း.....
Jin - jin လေးကလည်း လုပ်မနေနဲ့ ဟိုက မစောင့်နိုင်လို့ တခြားလူနောက် ပါသွားမှ ကြေကွဲနေရမယ်...
Yg - အင်းပါ... ဒါနဲ့ ကိုကို့ကိုပဲ ပြောနေတဲ့ Jin လေးကရော Dr. လေး နှစ်ယောက်ထဲက ဘယ်သူ့ကိုလဲ... သိပြီလား..
Jin - အင်းးးးးးး အဲ့တာက....
Yg - Jk ဆိုတဲ့ တစ်ယောက် အကြောင်းတော့ အများကြီး မသိခဲ့ပေမယ့် Nj အကြောင်းကတော့ TH ဆိုတဲ့ ဆရာဝန်လေး လာလာပြောပြလို့ တော်တော်များများသိတယ်
Jin - TH က ကိုကို့ကို လာပြောတယ် ဟုတ်လား....
Yg - ဟုတ်တာပေါ့... တစ်နေ့တစ်နေ့ သူ့သူငယ်ချင်းက ဘယ်လောက်တော်ကြောင်း... ဘယ်လို ချမ်းသာကြောင်း.... အရှုပ်အရှင်းကင်းကြောင်း... ပြီးတော့ Jin လေးနဲ့ တွေ့မှ ညင်သာသွားတာတို့.... jin လေးကို တကယ်ချစ်တာပါတို့... ဆေးရုံမှာရှိတဲ့ နေ့တိုင်း လာပြောနေတော့တာပဲ မသိရင် NJ ကပဲ သူ့ကို ရှေ့နေ ငှားထားသလိုလိုနဲ့ 😂😂😂