14

914 102 7
                                    

HS နဲ့ ဆေးရုံအုပ်ကြီးတို့ စကားကောင်းနေကြပေမယ့် နဂိုကတည်းက စကားနည်းတဲ့ YG က သူတို့ စကားဝိုင်းတွင် ဝင်ပြောဖို့ စိတ်မပါတာကြောင့် ဆေးရုံဝင်းအားပတ်ကြည့်ဦးမည်ဆိုသော အကြောင်းပြချက်ဖြင့် ထွက်လာခဲ့တော့သည်

ဆေးရုံပန်းခြံအတွင်းက ကုန်းမြင့်လေးပေါ်မှာရှိတဲ့ ထိုင်ခုံလေးတစ်ခုံတွေ့တော့ YG သွားထိုင်ရန် ထိုခုံလေးရှိရာသို့ ခြေဦးတည့်လိုက်တော့သည်
YG ခုံတန်းလေးပေါ်တွင်ထိုင်ကာ မျက်လုံးအစုံအားမှိတ်ထားပြီး တိုက်ခတ်နေသော လေညှင်းအား တဝကြီး ရှုရှိုက်နေတုန်း YG လက်လေးတွေကို ထိတွေ့လာတဲ့ နူးညံ့မှုတစ်ခု
YG မျက်လုံးလေး အသာအယာ ဖွင့်ကြည့်တော့ ကျစ်ဆံမြီးလေးကို နှစ်ဖက်ခွဲကျစ်ထားပြီး ပါးဖောင်းဖောင်းလေးနဲ​့ ကလေးမလေး တစ်ယောက် လက်ထဲမှာလည်း အဖြူရောင် သိုးရုပ်လေးကို ကိုင်လျက်

YG ထိုကလေးကိုကြည့်ရင်း ရုတ်တရက်ပြေးမြင်မိတာက သူ့ညီလေး Jin
jin ဆိုရင်လည်း အဲ့ဒိသိုးရုပ်လေးတွေ ကို ချစ်လို့ဆိုပြီး ဝယ်ထားတာ အများကြီးလေ...

(ဦးဦး... ဘာလုပ်နေတာလဲ.... လိပ်ပြာလေးတွေ လာကြည့်တာလား... )

YG - ဟင်.... လိပ်ပြာ.... ဘယ်မှာလဲ.. မတွေ့ပါဘူး..

( ဟာ.. ဦးဦးကလည်း ဒီမှာလေ အများကြီးကို.. )

စိတ်မရှည်တဲ့ လေသံလေးနဲ့ ပြောလာတဲ့ ကလေးမလေး ညွှန်ပြတဲ့နေရာကြည့်တော့လည်း လိပ်ပြာမပြောနဲ့ ငှက်တောင်မတွေ့ ရ....
ကလေးဆိုရင် သူ့ညီလေး JIN ကလွဲရင် ဘယ့ကလေးကိုမှ စိတ်မရှည်တဲ့ YG ဒီကလေးမလေးကိုတော့ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးဖို့ ဆုံးဖြတ်လိုက့သည်

YG - wow...  ဟုတ်ပါ့ အများကြီးပဲ ကြည့်စမ်းပါဦး လှလိုက်တာ...

(တကယ်ပြောတာလား ဦးဦး... ဦးဦးလည်း မြင်ပြီပေါ့နော်... )

အားကိုးတကြီး ပြောလာရှာတဲ့ ကလေးကြောင့် YG အသာအယာပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်

(နာဘီ...နာဘီ....နာဘီ.....)
နာဘီ = လိပ်ပြာ

YG - သမီးနာမည်ကရော နာဘီ လေးလား...

MY Essentials (Completed)Where stories live. Discover now