အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်တာမြန်လွန်းတယ်လို့ ပြောပေမယ့် ကျနော့် အတွက်တော့ Jin မရှိတဲ့ နေ့ရက်တိုင်းက စက္ကန့်တိုင်းဟာ ကြာရှည်လွန်းနေတယ်.....
Duty off ရက်လေးကို အေးဆေးလေး နားပြီး Jin လေးကို လွမ်းရမလား မှတ်ပါတယ် ကျနော့် ရဲ့ Daddy Father ဖေဖေက ဘယ်လိုစိတ်ကူးကြောင့် ဒီပန်းခင်းကြီးကို ပန်းအဝယ်လွှတ်လိုက်လဲမသိ စောစောစီးစီး စက်ဘီး တစ်စီးနဲ့ ရောက်နေရတဲ့ အဖြစ်.....
တကယ်တော့ ဒီ Tulip ပန်းခင်းကြီးက ကျနော့် Jin လေးကို ခေါ်လာမယ်လို့ စိတ်ကူးထားတဲ့ နေရာလေးပေါ့ ဒီ Tulip ပန်းခင်းကြီးကို ခေါ်လာရင်း အတည်တကျ propose လည်း လုပ်ချင်သေးတာ..... အခုများကျတော့ ဟူး....... ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းတောငိ မသိရတဲ့ အဖြစ်ပါလား.........ကျနော့်ရဲ့ နေ့ရက်တိုင်းကို Jin တစ်ယောက်ထဲကသာ အပိုင်စိုးမိုးထားတယ်လို့ ပြောရင် ယုံကြမှာလား.....
ဆေးရုံမှာဆိုလည်း Jin ပုံရိပ်တွေက နေရာတကာ...အခုလည်း အတူမလာဖူးတဲ့ ဒီနေရာမှာတောင် Jin ကို မြင်နေရတယ် သေချာပါတယ် လူတွေကတော့ ကျနော်ကို ရူးနေတယ်လို့ထင်နေကြမှာ
ကျနော်ရူးတာက Kim Seok Jin ဆိုတဲ့ အဲ့ကောင့လေး တစ်ယောက်ထဲအပေါ်မှာပဲ ရူးသွပ်နေရတာပါ........
မြင်နေရတဲ့ ပုံရိပ်လေးက တဖြည်းဖြည်းနဲ့ နီးကပ်လာသလိုပဲ အဖြူရောင် အကျီလက်တိုလေးနဲ့
အိုကွယ်............ သတိရနေမိတဲ့ လူသားလေး အပြင်မှာ တကယ်တွေ့နေရသလိုပဲ...... ပြုံးပြနေတာများ တကယ်လားလို့တောင် ထင်ရတယ် ကျနော့်စိတ်တွေက သူ့ကို ဘယ်လောက်တောင် လွမ်းနေလဲ ဆိုတာ အခုလို ရုပ်လုံးပေါ်တဲ့ အထိ မြင်ယောင်နိုင်တာပဲ ကြည့်လေ.........
တကယ်ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ Jin ကို မြင်ရတယ်လို့ ခံစားရတဲ့ ခံစားချက်လေးတွေကပဲ ကျနော့အတွက် ဖြေဆေး ဖြစ်နေခဲ့တာ
သူ့ရဲ့အပြုံးတွေကို ကျနော် တုန့်ပြန်မိတယ် အပြုံးချိုချိုလေးတွေနဲ့ပေါ့.....
ကျနော့်ပုံရိပ်လေးကလေ ကျနော့ဆီ တည့်တည့် လျောက်လာနေတာ...... လက်လေးပြလို့ပေါ့.....