10

936 98 6
                                    

Jk တစ်ယောက် ဖုန်းထိုင်သုံးရင်း မိုးလေဝသ သတင်းကို ကြည့်မိတော့ ဒီရက်ပိုင်းအတွငိး မုန်တိုင်းရှိလို့ ရက်အနည်းငယ် မိုးရွာသွန်းမည်ဆိုသောကြောင့်
သက်ပြင်းရှည်တစ်ခုချကာ....

Jk - ဟူးးးးး........ အချိန်အခါမဟုတ် မိုးရွာဦးမှာပါလား....

မိုးရွာတာကို JK မကြိုက်တာတော့ မဟုတ် သူ့အတွက်သာဆိုရင် မိုးရွာတာကို သဘောကျပေမယ့် သူချစ်ရတဲ့ သူအတွက်ဆိုရင် မိုးရွာတာကို တားဆီးလို့ ရရင် တားဆီးချင်မိသည်
မိုးရွာလျင် ကြောက်တတ်တဲ့ Jin က အရင်ကတည်းက ကြောက်တတ်တာလား accident ရဲ့ နောက်ဆက်တွဲလားJk အတိအကျမသိပေမယ့် လျှပ်စီးလက်တာကိုတော့ ပေးမြင်လို့မဖြစ် တည်ငြိမ်ကာစ Jin ရဲ့စိတ်တွေကို လျှပ်စီးလက်တာမျိုးတို့ ရုတ်တရက်ဖြစ်ပေါ်တဲ့ အလင်းရောင်တို့က ဂယက်ထအောင် လုပ်တတ်သည်
ဒါကိုတော့ Jin ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်တစ်ယောက်အနေနဲ့ သူဂရုစိုက်ပေးရတဲ့ အရာ... ပြီးတော့ ချစ်မြတ်နိုးရတဲ့ သူတစ်ယောက်အနေနဲ့ရောပေါ့.....

နေရောင်တောက်ပနေတဲ့ ကောင်းကင်ကြီးက တဖြည်းဖြညိးနဲ့ တိမ်လွှာတိမ်လိပ်တို့က ကြီးစိုးလျက်....
မိုးမရွာသေးပေမယ့် ပြိုကျတော့မယ့် ပုံကြောင့် Jk စိတ်တွေက Jin ဆီသို့ အပြေးရောက်နေပေမယ့် လူကတော့ ဒီနေ့မှ လာဆွေးနွေးတဲ့ လူနာတစ်ယောက်ကြောင့် အခန်းထဲတွင်သာ ထိုင်နေလျက်......

မိုးခြိမ်းသံ တစ်ချက် ကြားလိုက်ရင်ကိုပင် Jk စိတ်တွေက Jin တစ်ယောက်ဆီမှာသာ နောက်ဆုံးတော့ လူနာနဲ့ ဆွေးနွေးနေတာကိုပင် ပညာရှင်မဆန်စွာဖြင့် ခွင့်တောင်းကာ ထွက်လာခဲ့မိတော့သည်
ခြေလှမ်းတွေက Jin ရှိရာဆီသို့.......

ဆေးရုံအဆောင်တွေဘက်မှ စားဖိုဆောင်ဘက်သိူ့
jk ထီးတစ်ချောင်းကိုင်ကာ အပြေးသွားမိတော့သည် စိတ်ထဲတွင်လည်း သဲမဲစွာရွာသွန်းနေသော မိုးနတ်မင်းအား အပြစ်တင်လျက်....

Jk - ဘာလို့
Jk ပြေးနေတဲ့ ခြေလှမ်းအစုံတို့က တံခါးဝရောက်တာနဲ့ ဘရိတ်အုပ်လိုက်သလိုပင် ရပ်တန့်ကုန်လေသည် အကြောင်းအရင်းမှာကား နားနှစ်ဖက်အား လက်ကလေးဖြင့် အုပ်ကာ စောင့်ကြောင့်အနေအထားနဲ့ Jin လေး
Jin ခန္ဓာ းကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသလိုမျိုး ပုံစံနဲ့ ဖတ်လျက်သားရှိနေတဲ့ NJ....

MY Essentials (Completed)Where stories live. Discover now