20

1K 101 10
                                    

Jin - kook မပြီးသေးဘူးလား နောက်ကျတော့မှာပဲ

Jk - လာပါပြီ ကို့jin လေးရယ် နောက်မကျသေးပါဘူး

Jin - ကို့ဆိုင်ဖွင့်ပွဲမှာ Jin တို့က အရင်ဆုံးရောက်နေရမှာလေ အခုက..... ကိုကိုတို့ကတောင် ရောက်နှင့်နေပြီ

Jk - ကဲပါ... လာလာ သွားမယ် ပြောနေရင် ပိုနောက်ကျမှာပေါ့

ပွစိပွစိ ပြောနေတဲ့ Jin လေး လက်ကို ဆွဲပြီး ကားထဲ ထည့်လိုက်တာတောင် အပြောမပြတ်သေးတဲ့ ကျနော့် ချစ်ရသူလေး...
အရင်ကဆိုရင် စကားနည်းသလောက် အခုများတော့ အပြစ်တစ်ခု မလုက်လိုက်နဲ့ ထောင့်စိအောင် ပြောပြတတ်တဲ့ သူလေး ဖြစ်နေပြီ
ဒါပေမယ့်လည်း.... ချစ်ရသူမလား...သည်းခံခြင်းကို ကျင့်ကြံထားတယ် 😁😁

ကျနော်နဲ့ Jin လေးတို့ တွဲနေတာ သုံးလ ရှိပြီ Jin ဖွင့်ချင်တဲ့ စားသောက်ဆိုင်လေးကို Seoul မှာ ဖွင့်ဖို့ ဒီနေ့က ဖွင့်ပွဲနေ့လေ.....
Paris မှာ ဆိုင်ဖွင့်ချင်တဲ့ Jin လေးတောင် seoul မှာပဲ ဆိုင်ဖွင့်ဖို့ စဥ်းစားပေးသေးတာ
ကျနော်လည်း နယ်မြို့ဆေးရုံလေးကနေ Seoul က ဆေးရုံကို အပြောင်း လျောက်ခဲ့တာပေါ့...

Yg - Jin လေး..... နောက်ကျလိုက်တာ ကိုကိုတို့တောင် ဒီမှာ အကုန် ပြင်ဆင်ပြီးနေပြီ

Jin - အဲ့တာ Kook ပေါ့..... ဟွန့် ပြင်ဆင်နေတာ မပြီးတော့ဘူး.... Jin လောက်တောင် ချောလာတာလည်း မဟုတ်ပဲနဲ့....

Jk အား မျက်စောင်းကြီးထိုးပြီး အပြစ်ပြောနေတဲ့ Jin လေးကြောင့် ရောက်နေတဲ့ တစ်ဖွဲ့လုံး ရီမိကြသေးသည်...... အချိန်ဘယ်လောက်ပြောင်းပြောင်း Jin လေးက အကုန်လုံး အတွက် Happy pill လေးဖြစ်သည်...

HS - Jin... Congratulations ပါ... ဆိုင်လေးက လှလိုက်တာ... jin လက်ရာတွေ တဝကြီးစားရမယ်ဟေ့...

Jin - ဟုတ်ကဲ့ HS hyung.... ကိုကိုနဲ့ အတူတူ လာမယ်ထင်နေတာ... ကိုကိုက ဟိုဘက်မှာရှိတယ် HS hyung...

HS - တော်ပါ... မသွားဘူး... Jin လေးဆီလာတာ သူ့ဆီ လာတာမှ မဟုတ်ပဲ...

JK - ဘယ်လိုတွေ ဖြစ်လို့လဲ.....အရင်က ကျနော့်ယောက်ဖကြီးကို တမ်းတမ်းစွဲဖြစ်နေတာ ဟုတ်ဘူးလား...

HS - အဲ့တာ အရင်တုန်းကဟေ့....

Jin - ကိုကိုနဲ့ ရန်ဖြစ်ထားတာလား...

MY Essentials (Completed)Where stories live. Discover now