9

898 109 6
                                    

Hope Hospital လေးက နယ်မြို့လေးက ဆေးရုံလေးတစ်ခုဆိုပေမယ့် ကြီးကျယ်ခမ်းနားမှုတို့မပါပေမယ့် နွေးထွေးတဲ့ မေတ္တာတရားကတော့ အပြည့်ရရှိတဲ့နေရာလေးတစ်ခု ဖြစ်တယ်...

ဆေးရုံလေးက မနက်ပိုင်းဆိုရင် လမ်းလျောက်နိုင်တဲ့လူနာတွေအတွက် ဆေးရုံအုပ်ကြီးကိုယ်တိုင် ဦးဆောင်ပြီး လေ့ကျင့်ခန်း နေ့တိုင်းလုပ်လေ့ရှိသည် ထိုလူနာများတွင် သက်ကြီးရွယ်အိုမှကလေးများပါမကျန် ပါဝင်သော လေ့ကျင့်ခနိးလည်း ဖြစ်သည်
ထိုအထဲတွင် Jin.Jk နဲ့ TH တို့လည်း အပါအဝင်

လေ့ကျင့်ခန်း လုပ်ပြီးချိန်တွင် JK မှ စကားစကာ

Jk - အားလုံးပဲ လေ့ကျင့်ခန်း လုပ်တာ ပင်ပန်းသွားကြပြီ.... အဲ့တော့ အားအင်တွေ ပြည့်သွားအောင် တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ပြီး အားဖြည့် လိုက်ကြပါဦး
ဒီနေ့က National Hugging Day ဆိုတော့ ကဲ Free Hug..

Jk စကားဆုံးသည်နှင့် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နေကြတဲ့ လူနာတွေ
ဆေးရုံဝန်ထမ်းတွေ မြင်ရတဲ့ မြင်ကွင်းက တကယ်ကို ကြည်နူးစရာ
Jk လူနာတွေကို ကြည့်နေရာမှ သူပထမဆုံးဖက်ချင်တဲ့ လူသားလေးကို ကြည့်လိုက်တော့
လူနာအဖိုးအဖွားများကို ဖက်ပေးနေပြီး အနောက်မှာလည်း ကလေးတွေက Jin ကို ဖက်ချင်လို​့ တန်းစီပြီး စောင့်နေလေရဲ့.....

ဒီပုံစံအတိုင်းဆိုရင် Jk လည်း ကလေးတွေနဲ့ အတူ တန်းစီမှ ဖြစ်တော့မည် ထင်သည်

Child. 1 - ကိုကို Jin...  သားသားလည်းဖက်မယ်

Child 2 - သမီးကို အရင်ဖက်ပေး...

Child 3 - ငါအရင်ဆုံးရောက်တာ....  ကိုကို Jin သူတို့က နောက်မှ ရောက်တဲ့ သူတွေ

Child 4 - ကိုကို Jin သားက ဖက်ရုံတင်မဟုတ်ဘူးနော့ PoPo ပါ ပေးရမှာ....

All Children - သမီးကိုရောပဲ.....  သားကိုရောပဲ.....
( Jin ရေ ကျမလည်း လိုချင်တယ် Hug ရော PoPoရော Kiss ရော 😁)

တဆာဆာ အော်နေကြတဲ့ ကလေးတွေ ကြားထဲက အလှဆုံးပြုံးနေတဲ့ Jin ကို မျက်တောင်မခတ်တမ်း ကြည့်နေတဲ့ Jk ရယ်
boxy smile ကြီးနဲ့ ကျေနပ်နေတဲ့ အပြုံးနဲ့ TH ရယ်
ဘယ်အချိန်ကတည်းက ရောက်နေမှနိး မသိတဲ့ Dimple ကြီးနဲ့ အပြုံးပိုင်ရှင် NJ တို့ သုံးယောက်ရဲ့ အကြည့်တွေက Jin တစ်ဦးတည်းတွင်သာ....

MY Essentials (Completed)Where stories live. Discover now