အပိုင်း ၁

18.1K 603 35
                                    

Adult Sense အနည်းငယ်ပါပါတယ်...18နှစ်မပြည့်ရင်ကျော်ဖတ်ပေးပါနော်

" မှူးသက်ပိုင်ရေ club မှာ ရှိန်းမင်းခန့်ရန်ဖြစ်လို့ ငါတို့ဆွဲတာလည်းမရဘူး နင်လာမှရမယ်ထင်တယ် "

" ဘာ!!"

ခေါင်းကိုက်၍ နေမကောင်းချင်သလိုဖြစ်နေတာမို့ ဆေးသောက်ပီး အိပ်နေတဲ့ မှူးသက်ပိုင်တစ်ယောက် ‌ဟေသာရဲ့စကားကြောင့် သွေးများပင် နားထင်မှ ဆောင့်တိုးလာသလိုခံစားလိုက်ရသည်။
လုပ်ချလိုက်ပြန်ပီ။
စားပွဲပေါ်တင်ထားတဲ့ နာရီအားလှမ်းကြည့်တော့ ည ၁ နာရီပင်ထိုးတော့မည်။
ဒီအချိန်ထွက်လို့ကတော့ အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမည်မှာ မလွဲ။
မတတ်နိုင်။ ထုံးစံအတိုင်း ခိုးထွက်ရုံပဲပေါ့။
ခုတင်ပေါ်မှဆင်းကာ အခန်းတံခါးနားကပ်၍ အပြင်မှအခြေအနေကိုကြည့်လိုက်သည်။ တအိမ်လုံး အပ်ကျသံပင်မကြားရ။
အခန်းပြင်အသာထွက်ကာ အောက်ထပ်သို့ဆင်းလိုက်သည်။
အိမ်ရှေ့ပေါက်မှထွက်လို့မဖြစ်တာကြောင့် အိမ်အနောက်ပေါက်မှထွက်ကာ ခြံထဲမှပတ်ပီး သွားရသည်။
ခြံရှေ့ရောက်တော့ ခြံထောင့်သို့သွားကာ အပင်တွင်မှီထားသော လှေကားကိုထောင်ကာ ခြံစည်းရိုး အုတ်တံတိုင်းကိုကျော်တက်ရသည်။
ခြံတံခါးမှထွက်လို့မဖြစ် CCTV ထဲပါသွားပါက နောက်နေ့ ဖေဖေပြန်စစ်လို့တွေ့သွားလျင် အသတ်ခံရနိုင်တာမို့ CCTV ကွယ်ရာ ခြံထောင့်အုတ်တံတိုင်းမှထွက်နေကြ။
အမြဲခိုးထွက်နေကျမို့ ကျင့်သားရနေတဲ့ခန္ဓာကိုယ်က လွယ်လွယ်ကူကူပင် ခြံပြင်ရောက်သွားသည်။
ခြံပြင်ရောက်တာနဲ့ CCTV နဲ့ ဆန့်ကျင်ဘက်ကိုပြေးရတော့သည်။ သူတို့နေတာက ဆိတ်ငြိမ်ရပ်ကွက်အပိုင်းမို့ ကားအသွားအလာလည်းရှင်းသလို Taxi များလည်းလာလေ့မရှိ ။
လမ်းမကြီးသို့ရောက်ရန် ပြေးရပြန်သည်။
လမ်းမကြီးသို့ရောက်သော်လည်း ည ၁နာရီအချိန်ဆိုသည်မှာ ကားငှားရန်လည်းမလွယ်။ လာသောကား တစ်စီးတလေကလည်း သူ့ပါဆင်ဂျာနဲ့သူ။ တွေ့တဲ့ကားတိုင်းလည်း ရမ်းမငှားရဲ။
လူဆိုးသူခိုးတွေနဲ့တွေ့မှ ဖြင့်။ တအောင့်လောက်‌ေစာင့်ပီးမှ အသက်ကြီးကြီး ဦးလေးကြီးတယောက်မောင်းလာသော Taxi ကားအားတွေ့သောအခါ တားလိုက်သည်။

My Bad BoyfriendDonde viven las historias. Descúbrelo ahora