Part-17

13.4K 559 58
                                    

"ဝါး...စားကောင်းမယ့်ပုံပဲ!"

Park Chaeyoung တစ်ယောက်
Lisaရှိတဲ့နိုင်ငံကိုသူ့အကိုအမိန့်အရ
လိုက်လာခဲ့ရတယ်

"ဒီနေ့တော့ Lisaဆီမသွားချင်သေးဘူး
မုန့်လေးဘာလေးလျှောက်စားလိုက်ဦးမယ်"

သူမအကြံအတိုင်းပဲ
မြို့ထဲလူစည်ကားတဲ့နေရာမှာမုန့်ဆိုင်တွေကိုဝေ့ပတ်ကြည့်လိုက်တယ်

"Ok Lets go ..."

သူမရဲ့အရှေ့မလှမ်းမကမ်းလောက်က
မုန့်ဆိုင်ဆီကိုအရင်ဆုံးဦးတည်လိုက်ပြီးနောက်

"ဒါလေးသုံးခုထည့်ပေးပါ!"

"ဟို.....ကုန်ပြီရှင့်!"

"ဟင်...ဒီမှာရှိသေးတယ်လေအများကြီး!"

"ဒီဟာတွေအကုန်လုံး
ဒီကမမလေးကယူထားပြီးပြီမလို့.."

Chae သူမ​ဘေးက အရပ်ခပ်ပုပုကောင်မလေးကို
တချက်ကြည့်လိုက်တယ်

"အဒေါ်ကြီး!...ဒီမုန့်."

"ဘာ!!! ဘာအဒေါ်ကြီးလဲ?"

Chaeစကားတောင်ဆုံးအောင်မပြောလိုက်ရခင်မှာပဲ တဖက္က ကောင်မလေးက
ခပ်စွာစွာပြန်ပြောလိုက်တော့တယ်

"Sry Sry...ဒီမုန့်လေးသုံးခုလောက်ခွဲရောင်းပေးလို့ရမလား? "

"မရဘူး...!"

"စွာလိုက်တာ...."

Chaeသူ့ကိုဘုကြည့်ကြည့်နေတဲ့
ကောင်မလေးကို လေသံတိုးတိုးလေးနဲပြောလိုက်တယ်

"ဘာ ပြော တာ!..."

"အော်...ဆာလိုက်တာလို့ ပြောတာ
ဗိုက်ဆာလို့!"

"အဒေါ်ကြီး မုန့်ရပြီလား? ပေးတော့
ကြာရင် လူသတ်မိလိမ့်မယ်..."

Chaeရီလိုက်မိတယ်...
သူ့ရှေ့ကနေထွက်သွားတဲ့
ပုပုသေးသေးလေးကို သဘောကျနေမိပြီး
အနောက်ကလိုက်သွားမို့ဆုံးဖြတ်လိုက်တယ်

Chae*pov
ဘယ်လိုလေးလဲမသိဘူး
ချစ်တော့ချစ်စရာလေး
ဒါပေမယ့် ဒီလောက်မုန့်တွေအများကြီးကို
သူဘာလုပ်မို့လဲ????

လိုက်ကြည့်ဦးမှ...

"ကလေးတွေအများကြီးပါလား..."

PRINCESS[Season-1](Complete)Where stories live. Discover now