[intro]

26.2K 777 80
                                    

"မင်းမမေ့နဲ့နော် Liz ငါပြောတဲ့အတိုင်းသေချာလုပ် !"

"ဒါပဲမလား? တခုတော့သိထား Lalisa Manobanရဲ့ဘဝမှာလွဲချော်တယ်ဆိုတာမရှိဘူး!"

"Haha မင်းဒီတခါ လုပ်ရမှာက အရင်လိုလွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးနော်Liz "

"စောင့်ကြည့်လိုက်ပါ စကားအများကြီးမပြောဘူး သွားပြီ...!"

************************************
"ဟိတ် မိန်းကလေး....တစ်ယောက်ထဲလား"

Lisa မှောင်မဲပြီး မီးအလင်းရောင်ပြပြလေးပဲရှိတဲ့လမ်းကြားလေးကနေ လမ်းလျှောက်လာတယ်

"ဟေ့...​ကိုကြီးတို့ခေါ်နေတယ်လေ
မကြားဘူးလား"

ဘယ်ကမှန်းမသိတဲ့လမ်းသရဲနှစ်ကောင်ကlisaရဲ့ပုခုံးကိုလှမ်းဆွဲလိုက်တယ်

"အခုငါ့ပုခုံးကိုင်ထားတဲ့လက်ကိုလွှတ်!"

"ဟာ ညီမလေးက အစွာလေးပဲ ဟားဟား"

"လာပါကွာ ကိုတို့တွေကစားရအောင်လေ"

ထိုလူနှစ်ယောက်က Lisaရဲ့လက်ကိုဆွဲကာ
ဆွဲခေါ်ကြတော့ Lisaလိုက်သွားတယ်

"အားးးးးးးးးးးးးးးး"

"ဘာကြီးတုန်းဟ သူ့ သူ့မှာ.....အားးး"

ထိုလူနှစ်ယောက်Lisaပြလိုက်တဲ့အရာကြောင့်
ဖနောင့်နဲ့ဖင်တသားတည်း​ အော်ပြီး
ပြေးပါတော့တယ်...

Lisa*pov

ကျနော်က ဒုစရိုက်မှန်သမျှမလုပ်ပေမယ့်
နေ့စဥ် လုပ်နေရတဲ့အလုပ်က လူအငှားဖမ်းပေးတာပဲ... တခါတလေ ပြောမရရင် သတ်ပစ်ရတတ်တယ်

ရှင်းရှင်းပြောရရင် ကြေးစားသမားပါပဲ
ငွေသာ ကျနော့်ဘဝ
ငွေသာလျှင် ကျနော့်အသက်
ငွေတွေရှိနေရင် ကျနော်အသက်ဆက်လို့ရပြီလေ...

ဒီခံယူ​ချက်က ခင်ဗျားတို့အတွက်
မိုက်ရူးရဲဆန်ပြီး ရူးသွပ်တယ်လို့ ထင်နိုင်ပေမယ့်
ကျနော့်အတွက်တော့ ပုံမှန်ပါပဲ...

Ok...ဒါတွေထားပါ
ကျနော့်အကြောင်းအရင်​ပြောပြမယ်

ကျနော့်နာမည်က Lalisa ..
ကျနော့်ကိုလူသတ်မို့ ငှားတဲ့သူတွေကတော့Lizလို့ခေါ်ကြတယ်...

PRINCESS[Season-1](Complete)Donde viven las historias. Descúbrelo ahora