Part-35

9.1K 420 65
                                    

Jennie မနက်မျက်နာသစ်နေရင်း
ဘေစင်ကမှန်မှာပေါ်နေတဲ့သူမကိုယ်သူမကြည့်နေမိရင်း အတွေးလွန်နေမိတယ်

Lisaက မနိုးသေးတာဖြစ်တဲ့အတွက်
သူမမနက်စာကို စောစောစီးစီးပြင်ဆင်ပေးရန်
နိုးနေခြင်းဖြစ်တယ်

"ငါ ရာသီမလာတာ တစ်လကျော်ရှိနေပြီ...
အရင်ကဆို ပုံမှန်ရက်တွေပဲဖြစ်နေကျလေ..."

Jenတီးတိုးပြောဆိုကာ
အတွေးတွေဆက်နေတယ်

"တခုခုတော့ တခုခုပဲ
ငါ ဆီးစစ်ကြည့်ရင်ကောင်းမယ်ထင်တယ်"

မှန်ရှေ့ကနေ အမြန်ထွက်လာလိုက်ပြီးနောက်
ထမင်းစားခန်းဆီကိုသာသွားမို့ပြင်လိုက်တယ်

ဒါပေမယ့်ရေချိုးခန်းထဲကထွက်တော့အရင်ဆုံးတွေ့လိုက်ရတဲ့ချစ်ရသူ Honeyလေးဆီကို
လျှောက်သွားလိုက်မိတယ်

အိပ်နေလိုက်တာများနှစ်နှစ်ချိုက်ချိုက်ရယ်..

တခါတလေကျ ကလေးလိုမျိုးချွဲနွဲ့တတ်သူ
တခါတလေကျတော့လည်းမထင်ရင်မထင်သလို
ဒေါသကြီးပြီး လျှောက်လုပ်တတ်သူ
ကျွန်မရဲ့Honeyရယ်ပါ...

Jen Lisaရဲ့ပါးလေးကိုအသာယာလေးကိုင်ကာ
နမ်းရှိုက်လိုက်ပြီး ပြုံးပြုံးလေးကြည့်နေတယ်

ထို့နောက်
ကုတင်ခြေရင်းကိုရောက်နေတဲ့စောင်ထူထူလေးကိုဆွဲယူပြီး Lisaကို ခြုံပေးလိုက်ပြီး
အိပ်ခန်းထဲက ထွက်ခဲ့တယ်

အေပရွန်လေးကိုယူကာ
ခါးမှာကြိုးချည်ပြီး မနက်စာကို
ထူးထူးခြားခြားလေးပြင်ဆင်ပေးနေတဲ့Jenက
Lisaနိုးထလာတဲ့မနက်ခင်းတိုင်းကို
လှပစေတယ်

သူမရဲ့အလှတရားက ဘာမှမလိမ်းခြယ်ထားရင်တောင် ပြည့်စုံနေပြီး ဘုရင်မတစ်ပါးရဲ့
အသွင်က သိပ်ကိုကျက်သရေရှိလွန်းလှတယ်...

တနည်းပြောရရင် Jenက
lalisaရဲ့အထိအရှမခံနိုင်တဲ့ အရာတွေထဲက
အကြီးမားဆုံးတခုပါပဲ...

ကျန်တဲ့အရာတွေသာ
ခွင့်လွှတ်ရင်ခွှင်လွှတ်မယ်
Jennie Kimကတော့ သူ့ရဲ့အသက်ဖြစ်တာ
ကြောင့် သွားရှုပ်မိခဲ့ရင်တောင် အသက်ရှင်ခွင့်ရှိမှာမဟုတ်ပါဘူးး...

PRINCESS[Season-1](Complete)Donde viven las historias. Descúbrelo ahora