Part-5

9.1K 523 17
                                    

"သူဘာလို့မလာတော့တာလဲ?"

Lisaနန်းတော်အရှေ့နား လမ်းလျှောက်ကာ Jenများထွက်လာမလားဆိုပြီး စောင့်နေတယ်

"Shit!"

"ဘာလဲကွာ မမြင်ဘူးလား?"

"Sryပါဗျ ကျနော်တို့မင်းသမီးလေးအတွက်အလျင်လိုနေလို့ပါ..."

ယူနီဖောင်းအပြည့်နဲ့ယောကျ်ားတစ်ယောက်က
Lisaကိုတိုက်မိသွားတာကြောင့်
အမြန်တောင်းပန်လိုက်တယ်

"မင်းသမီး????"

ထိုလူလဲပြောပြီး lisaအရှေ့ကလှည့်ထွက်သွားမို့လုပ်လိုက်တယ်...

"ဟိတ် ဟိတ် ခဏလေး မင်းသမီးကဘာဖြစ်လို့လဲ"

"နေမကောင်းဖြစ်နေတာပါ..."

Lisaနောက်ဆုံးတော့ Jenကိုတပတ်လောက်မတွေ့ရခြင်းကို သိလိုက်ရပြီ

***********************************

"ဘယ်မလဲ ငါခေါ်ခိုင်းထားတဲ့သမားတော်တွေ!"

"ခဏနေလာပါတော့မယ်ဘုရင်ကြီး "

Jenကလဲ တရက်ထက်တရက်ပိုပြီးသာနေမကောင်းဖြစ်လာတယ်
ကိုယ်လဲမပူ ဖျားလဲမဖျားပဲ
ဘာမှမစားမသောက်ပဲနေတာကြောင့် အိပ်ရာထဲလဲနေရခြင်းဖြစ်တယ်..

"ဘုရင်ကြီး သမားတော်တွေလာပါပြီ"

"အေအေ သမားတော်တွေလွတ်လွတ်လပ်လပ်
ကုသပါစေ အားလုံးအပြင်မှာစောင့်ကြ"

"အရင်ဆုံး တိုင်းရင်းသမားတော်ကြွပါခင်ဗျ"

ကိုယ်ရံတော်တွေထဲက အရပ်မြင့်မြင့်နဲ့တစ်ယောက်က တံခါးဖွင့်ပေးကာ သမားတော်တစ်ယောက်ကိုဝင်စေတယ်...

"ဘယ်လိုလဲ အခြေနေ?"

"ကျနော်မျိုး မင်းသမီးရဲ့ရောဂါကိုသေချာမသိပေမယ့် တခုသေချာတာက မင်းသမီးကစိတ်ဖိစီးမှုတစ်ခုရှိနေတယ် ဒါမျိုးက စိတ်ကို ကုသရင်ပိုထိရောက်ပါမယ်ဘုရင်ကြီးခင်ဗျာ"

"ကဲ ကဲ သူ့ကိုခေါ်သွားလိုက်တော့ နောက်တစ်ယောက်လာ"

ဒီလိုနဲ့ခေါ်လာသမျှသမားတော်ဆရာဝန်တွေကလဲ
ပြန်ကောင်းလာအောင်အမျိုးမျိုးကုသပေးကြတယ်

သုံးရက်မြောက်ထိ Jenက အရင်လိုပြန်မကောင်းလာသေးဘူး တနေရာရာကိုသာ​ငေးပြီး
တွေးနေတယ်...

PRINCESS[Season-1](Complete)Opowieści tętniące życiem. Odkryj je teraz