Part-28

10.1K 493 104
                                    

နေဝင်ချိန်တွေက သိပ်ကိုလှပသလို
သိပ်ကိုလဲအထီးကျန်သလိုခံစားရစေတယ်...

ကောင်းကင်ပေါ်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားတော့မယ့်နေမင်းကြီးက
အရာအာလုံးကို အလင်းရောင်ပေးပြီးနောက်မှာ
အလှပဆုံး ပြုံးပြနှုတ်ဆက်သွားသေးတယ်...

Lisaထိုင်းနိုင်ငံ
ချင်းမိုင်ဆိုတဲ့မြို့လေးကိုရောက်နေတာပါ

တောင်တန်းတွေများပြားလွန်းပြီး
သိပ်လှတဲ့ရူ့ခင်းလေးတွေနဲ့လဲပြည့်စုံနေတယ်...

လည်ပင်းမှာ ကြိုးသိုင်းလွယ်ထားတဲ့
Sonyကင်မရာကို ကိုင်လိုက်ပြီး
အရှေ့တည့်တည့်က နေဝင်ချိန်ဆည်းဆာအလှကို မှတ်တမ်းတင်မို့ ပုံတစ်ပုံရိုက်လိုက်တယ်

"နေဝင်ချိန်တောင်ရောက်ပြီ...
ငါဒီမှာထိုင်နေတာ တော်တော်ကြာသွားပြီပဲ!"

Lisaမျက်နာပေါ်မှာအပြုံးဆိုတဲ့အရာကို
မတွေ့မြင်ရတော့တာ အတော်ကြာခဲ့ပါပြီ

တောင်စောင်းပေါ်ကနေ ပြန်ဆင်းမို့အတွက်
ပါလာတဲ့ အိတ်တလုံးကို ယူကာ
ထွက်လာခဲ့တယ်

Lisaဆိုင်ကယ်ပေါ်မတက်ခင်
ဝတ်ထားတဲ့Coatအရှည်ကို ချွတ်ကာ
အိတ်ထဲကိုခေါက်ထည့်လိုက်တယ်

ဆိုင်ကယ်ဂီယာကိုထိုးပြီး
မောင်းထွက်မယ့်အချိန်မှာပဲ ​

Please don't break my heart....
Don't break me again...

အိတ်ထဲကဖုန်းသံမြည်လာတော့
Lisaထုတ်ကိုင်လိုက်တယ်

"Hello..."

အေးတိအေးစက်အသံက တဖက်ကလူကို
အလိုအလျောက်အကြောက်တရားဝင်စေမိမှာအမှန်ပင်

"Hello ငါ ပါ Liz. ."

"ဘယ်သူလဲ?"

"ငါလေဟာ Chaeyoung! "

"Aww. .အေ ပြော ဘာကိစ္စလဲ?"

"နင်အခုဘယ်မှာလဲ?"

Lisaနားကျပ်တပ်လိုက်ပြီးဆိုင်ကယ်ကို
မောင်းထွက်ခဲ့တယ်

"ဘာလုပ်မို့လဲ?"

"ဘာလုပ်ရမှာလဲဟ?
နင့်ကို......"

Chaeဘက်ကပြောတဲ့စကားတွေကို
Lisa​ကြားကြားချင်းဆိုင်ကယ်ကို
ထိုးရပ်လိုက်တယ်

PRINCESS[Season-1](Complete)Where stories live. Discover now