Part-33[Special]

19K 536 77
                                    

Lisa*pov

ဒီနေ့ဆို Jenထိုင်းကိုရောက်လာတာ
တစ်ပတ်ရှိနေပြီ...

ကိုးရီးယားမှာလဲ အိမ်ကိုပစ်ထားခဲ့တာ
ကြာပြီဆိုတော့..
သူမနဲ့အတူပဲပြန်မို့စီစဥ်လိုက်တယ်

Lisaအခန်းထဲဝင်သွားတော့
Jenကိုမတွေ့တာကြောင့်
ရေချိုးခန်းနားကပ်နားထောင်ကြည့်လိုက်ရင်း

"ဘေဘီ...ရေချိုးနေတာလား?"

"Yes Honey..."

ရေချိုးခန်းထဲကနေ Jenကလှမ်းဖြေတယ်

"Ok ဘေဘီ မြန်​မြန်ချိုးနော်အအေးမိမယ်"

Jennie ရေချိုးနေတုန်းLisaလဲ
ကုတင်မှာမှီကာ လက်တော့ပ်ကိုဖွင့်လိုက်တယ်

Instagramကို အပေါ်အောက်ဆွဲကြည့်နေရင်း
ပုံတပုံက Lisaရဲ့အာရုံကိုဖမ်းစားသွားတယ်

"မိုက်သားပဲ..."

Lisa မျက်တောင်နှစ်ချက်သုံးချက်ခတ်လိုက်ပြီး
သေချာပြန်ကြည့်ရင်း
မှတ်ချပေးနေတယ်

Orderနေရာကို ဝင်မှာလိုက်ပြီး
Lisa ပြုံးပြုံးကြီးတွေးနေတယ်

"Honey....Honey!"

"ဟင်.."

"ဘာတွေတွေးနေတာလဲ
Baeခေါ်နေတာကြာပြီ"

Jen ရေချိုးတဘက်ပတ်ထားရင်းနဲ့ပဲ
Lisaဘေးနားမှာဝင်ထိုင်ပြီး
မေးလိုက်တယ်

"ဘာမှမတွေးပါဘူးBaeရဲ့"

"ဘာ မတွေးဘူးလဲ ဘယ်ကောင်မအကြောင်း
တွေးနေလို့လဲ?????
ပြုံးပြီး ဖြီးနေတာလေ!!!"

Jen Lisaရဲ့နားရွက်ကို
လှမ်းဆွဲလိုက်ပြီး
အတင်းမေးနေပြန်တော့တယ်

"ဟာ..အ. အ နာ တယ်လေ ဘေဘီ! အ"

"ဖြေလေ ဒါဆို..."

"Baeရယ် ကို့မှာ Baeကလွဲပြီး
ဘယ်သူမှမရှိပါဘူးကွာ ယုံပါကွာနော်... "

Lisaက Jenရဲ့ပါးလေးကို ကိုင်ကာ
အနမ်းပေးပြီးချော့မော့လိုက်ရတယ်

ဒီလိုမှမချော့ရင် နားရွက်ကအသာလေး
ပြတ်သွားနိုင်တယ်လေ...

"ဟွန့် နာမယ် သတိထားနေ လာလီဆာ!!"

Jenက ကျိန်းမောင်းရင်း
ထသွားပြီးဗီဒိုထဲက အဝတ်အစားတွေ
သွားရွေးနေလေတယ်

PRINCESS[Season-1](Complete)Where stories live. Discover now