Part-26

9.4K 486 64
                                    

Lisa*pov

မင်းမမြင်ချင်ပါဘူးဆိုတဲ့ငါက
မင်းကိုစိတ်မချခြင်းများစွာနဲ့
ဖြစ်နေခဲ့တဲ့ကောင်လေ...

မင်းတခုခုဖြစ်မှာ ကြောက်လို့
အမြဲတမ်းစိုးရိမ်လွန်နေတတ်တဲ့ငါ့ကို
အခုတော့ မင်းဘဝထဲက အပြီးမောင်းထုတ်လိုက်ပြီပေါ့...Jennie Kim!

ငါ မင်းနဲ့အဲ့ကောင် ရေတံခွန်ဆီထွက်သွားကြတယ်လို့ကြားလိုက်ရကတည်းက
ရင်ဘက်တွေအောင့်နေခဲ့ရပြီး
နာကျင်နေတဲ့ခြေထောက်တွေနဲ့
လိုက်လာခဲ့ရတာပါ...

အဲ့ကိုလည်းရောက်ရော
မြင်တွေ့လိုက်ရတဲ့မြင်ကွင်းက
ရင်ဘက်ကို ဆောင့်ကန်ပစ်လိုက်သလိုပါပဲ
Jennie...မင်းကိုယ့်ကိုမောင်းထုတ်ခဲ့ပြီနော်
နောက်ဆုံးတော့ မင်းကိုယ့်ကို
ဒီလိုစကားတွေနဲ့ နှင်ထုတ်ခဲ့ပြီပေါ့...

"အခုဒီကထွက်သွား
ဘယ်တော့မှ ငါ့နန်းတော်ကိုပြန်မလာခဲ့နဲ့!!"

"ရှင့်လိုလူမျိုးကို ကျွန်မနန်းတော်မှာအလိုမရှိဘူး!
ထွက်သွားစမ်း! ငါ့အမိန့်ပဲ!"

"သူက ဘုရင့်သားတော် မင်းသားတစ်ပါး!
ရှင်က ကိုယ်ရံတော်သာသာပဲ! ဘာမှပြန်မပြောနဲ့
မကြားချင်ဘူး!"

သိပ်စိတ်နာတယ် JENNIE KIM!
မင်းရဲ့စကားသံတွေအခုထိငါ့နားထဲက
မထွက်သေးဘူး သိရဲ့လား Hum!

Lisaအခု သူ့ရဲ့မွေးရပ်မြေကို
ပြန်ရောက်နေခဲ့ပါပြီ...

အဖြစ်ပျက်တွေက အရမ်းကိုမြန်ဆန်လွန်းလှပါတယ်
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်က
အခုလိုအခြေနေတွေထိ ဖြစ်ကုန်လိမ့်မယ်လို့
ဘယ်သူကမှမထင်ထားကြပါဘူး...

ခြေထောက်ရဲ့ဒဏ်ရာက ရင်ဘက်ထဲက
ဒဏ်ရာရဲ့နာကျင်မှုကို ဘယ်လိုမှမမှီနိုင်ပါဘူး

lisaရဲ့နာကျည်းချက်တွေက
တနေ့ထက်တနေ့ပိုပိုဆိုးလာခဲ့တယ်

"Liz....ဘယ်လိုဖြစ်တာလဲ?အရက်တွေစွတ်သောက်လှချည်လား?"

Clubထဲမှာ Lisaတစ်ယောက်ထဲထိုင်သောက်နေတုန်း Hanbin ရောက်လာတယ်

"ငါ့ လာမထိနဲ့! "

Lisaရဲ့ ပုခုံးကို ပုတ်လိုက်ပြီးမေးနေတဲ့Hanbinရဲ့လက်ကို ပြန်ဖယ်ထုတ်လိုက်တယ်

PRINCESS[Season-1](Complete)Where stories live. Discover now