He & His(part 4)

784 52 6
                                    

Unicode

He &His [ Part 4 ] 

" Gulf ဒီနေ့ မိုင် ကျောင်းမလာဘူးနော် "

‌" အင်းနော် စာမေးပွဲပဲ နီးနေပြီ
နေမကောင်းဘူးလားမသိဘူး"

Champ နဲ့များခုထိ
အဆင်မပြေကြဘူးလား ..

Champ ဆိုလို  ဒီကောင် သူ့အိမ်မှာလည်း
အသံမကြားမိဘူး ..

ကိုယ်ကလည်း U MEW နဲ့ ညတိုင်း 
ဟိုဒီဖုန်းပြောအချိန်ကုန်နေတာနဲ့ ပဲ 
Champ ရှိတာ မရှိတာ
Gulf သတိမထားမိပဲ ဖြစ်နေရတယ်

ညနေကျောင်းဆင်းရင်တော့ သူ့အိမ်ဘက်
ကူးအုန်းမှပဲလို့ Gulf တွေးလိုက်တယ် ..

" ဟင်!  P'KoK "

အတန်းပြီးတာနဲ့ အိမ်ပြန်ဖို့
ကားစီလာတဲ့ Gulf
သူ့ကားနဲ့ ယှဉ်ရပ်ပြီး စောင့်နေတဲ့ မိုင် အကိုကို သူ တွေ့လိုက်ရတယ် ..

မိုင် ဘာများဖြစ်လို့ပါလိမ် !
Gulf စိုးရိမ်သွားတယ်

" မဂ်လာပါ P'kok .. မိုင်ဘာဖြစ်လို့လည်း

" အင်း Gulf ကိုယ် မိုင် ခွင့်လာတင်တာ "

" ခင်ဗျာ !  ဘာဖြစ်လို့လည်း နောက်တပတ်
စာမေးပွဲပဲ ဖြေရတော့မယ် "

"ဟုတ်တယ် Gulf ရယ် မိုင် ညက တစ်ညလုံး
မအိပ်ဘူး ငိုလိုက် Champ ရှိ ဖုန်းဆက်ပြီး
ရန်ဖြစ်လိုက် အော်လိုက်ဟစ်လိုက် နဲ့ ..

ခု မနက်မှ ကိုယ် ဆေးတိုက်ပြီး
သိပ်လိုက်ရတယ်
Champ လည်း ညက အိပ်ရမှာမဟုတ်ဘူး "

" မိုင် သက်သာရဲ့လား P'KoK .. "

" အင်း  ဒီလိုပါပဲ Gulfရယ် ..
အဲဒါကြောင့် ကျောင်း ခဏနားလိုက်တာ  ..
မိုင်အခြေအနေက ဘယ်လိုမှန်းမသိသေးလို့ "

" ဟုတ်ကဲ့ ကျနော်တို့လည်း လာပါအုန်းမယ် "

" ကျေးဇူးပါ Gulf ရယ် ..
ညီမလေးရဲ့ စိတ်ထဲမှာ မိဘတွေရှိက ရတဲ့
စိတ်ဒဏ်က သူ့ကို ခုထိ နှိပ်စက်နေတုန်းပဲ "

" ကဲ ကိုယ်သွားလိုက်အုန်းမယ်နော် Gulf "

" ဟုတ် P'KoK "

ကားနဲ့ ထွက်သွားတဲ့ P'KoK ကိုကြည့်ပြီး
သူတို့နဲ့လိုက်ပြီး Gulf ပါ စိတ်မကောင်း
ဖြစ်သွားမိတယ်
P'kok လည်း ညီမဖြစ်သူ စိတ်နဲ့
မျက်နှာကိုနွမ်းလို့

He & HisWhere stories live. Discover now