He & His ( END)

1.3K 58 2
                                    

He & His [  END ]  

" Gulf စိတ်လှုပ်ရှားနေလား "

နေကြာပန်းစည်းလေး ကိုင်ပြီး
အရှေ့လျှောက်
အနောက်လျှောက်လိုက်..
သက်ပြင်းမှုတ်ထုတ်လိုက်ဖြစ်နေတဲ့ Gulf ကို Champ  မေးလိုက်တယ် . . .

" ဟူး စိတ်လှုပ်ရှားတာကတော့ အမှန်ပဲကွ
ဒီနေ့မှ ခြေထောက်ကလည်း ပြန်ပြီး
နာနေသလိုလို ဒူးပဲ တုန်နေသလိုလို နဲ့ "

" ဟား ဟား
သတိုးသားလောင်းက‌တော့ကွာ "

သူ့လက်တွေ သူပြန် ဆုပ်ကိုင်ပြီး
Gulf  ကိုယ့်ကိုကိုယ်  အားပေးလိုက်တယ် ..

မကြာခင်မှာပဲ မဂ်လာခမ်းမထဲ
သူ လျှောက်ပြီးဝင်ရတော့မယ် ..
လူက ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ရင်တုန်နေရတယ်  ..

" Gulf အဆင့်သင့်ဖြစ်ပြီးရင်
ထွက်လို့ရပြီနော်"

" ဟုတ် ကိုမြတ်သူ "

" Gulf ငါ သွားမယ် fighting 💪 "

ကိုမြတ်သူရော Champ ပါ
ထွက်သွားကြတော့
အခန်းထဲ Gulf တယောက်ထဲ
ကျန်ခဲ့တော့တယ်

အခန်းထဲကို မှန်ရှေ့မှာ Gulf သူ့ကိုယ်သူ
ပြန်ကြည့်လိုက်တယ် ..

အကောင်းစား outfit လက်ထပ်ပွဲဝတ်စုံနဲ့
Gulf ပုံစံ သားနား သပ်ရပ်နေတယ် ..

မလိမ်းပါဘူး ဘယ်လောက်ပြောပြော P'Graceရဲ့မိတ်ကပ်ဆရာ လက်စွမ်းပြ
ထားတဲ့ လက်ရာနဲ့ Gulf ပုံစံက ပိုပြီး
ကြည့်ကောင်းနေ‌တော့တယ်

ကိုယ့်ကိုကိုယ် လက်သီးဆုပ် အားပေးပြီး
Gulf  အခန်းထဲကနေ ထွက်လာခဲ့‌တော့တယ်

ဘုရားကျောင်းတံခါးကို ဆွဲဖွင်လိုက်ချိန်တော့
ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေနဲ့
MEW ရဲ့ လုပ်ငန်းမိတ်ဆွေ ဧည့်သည်တွေရဲ့ အကြည့်အားလုံးက Gulf အပေါ် ရောက်လာ
ကြတယ် ..

အခန်းတံခါးထိပ်ကနေ MEW ကို
Gulf လှမ်းကြည့်လိုက်တယ်   ..

Gulf နဲ့ဆင်တူ outfit ဝတ်စုံနဲ့ ခန့်ညားနေတဲ့
MEW ကို သူ တွေ့လိုက်ရတယ် ..

ဘုရားကျောင်းရဲ့ တံခါးဝမှာ 
ထွက်ပေါ်လာတဲ့ သူ့ရဲ့ လမင်းလေး ..
လက်ထပ်ဝတ်စုံ outfit လေးနဲ့ 
Gulf ရဲ့ ပုံစံက သူ့ မျက်လုံးထဲမှာ
ကြည့်လို့ အကောင်းဆုံး
ဖြစ်နေတော့တယ် ..

He & HisWhere stories live. Discover now