He & His [ Part 11 ]
မိုင် ရဲ့ အတွေးစိတ်ထဲသို့
ဝင်ကြည့်ခြင်း 👉 . . ." အဲဒါ နင့်ကြောင့် နင် သောက်သုံးမကျလို့ "
" နင့်ကရော ဘာကောင်းလို့လဲ ဟဲ့ အကောင်
ပါလာတဲ့ ငါ့ပစ္စည်းတွေလည်း နင် သုံးလို့
ကုန်တာ မဟုတ်ဘူးလား "" ကဲ .. ကဲ .. "
" ဒုန်း ... ခလွမ် .. "
" ဒီ စောက် . . . နင် "
" ဝုန်း "
စန္ဒီနဲ့ သူ့ယောက်ျားကတော့
တယောက်နဲ့တယောက်
ပြောဟယ် ဆိုဟယ်နဲ့
စကားများ ရန်ဖြစ်နေလိုက်တာ .
အိမ်ခန်းကျဉ်းလေးထဲ ဝုန်းဒိုင်းတွေ
ကျဲနေတော့တယ် . . .အိမ်ခန်းရဲ့ ထောင့်လေးတထောင့်မှာတော့
ငါးနှစ်သားအရွယ် ကောင်လေးတယောက်က
နှစ်နှစ်အရွယ် မိန်းကလေးတယောက်ကို
ပွေ့ဖက်ပြီး မျက်လုံးလေး အပြူးသားနဲ့
အမေနဲ့အဖေ ရန်ဖြစ်နေတာကို
ကြည့်နေရှာတယ်သူတို့ကတော့ KoK ဆိုတဲ့ ကောင်လေးနဲ့
မိုင် ဆိုတဲ့ ကောင်မလေးတို့ မောင်နှမ ..KoK ကတော့ မိဘတွေရန်ဖြစ်တာကို
ကြည့်ပြီးငိုမဲ့မဲ့နဲ့ အသံတိတ်
မျက်ရည်ကျနေပေမယ့်
နှစ်နှစ်အရွယ် မိုင်ကတော့ လန့်ပြီး
အော်ငိုတော့တယ် .." အဟင့် ဟီးး "
" ဟာ ဒီသောက် .. "
ဒါတွေကတော့ စန္ဒီတို့ လင်မယား မကြာခဏ
ဖြစ်နေကြ ရန်ပွဲပဲ ဖြစ်တော့တယ် ..စန္ဒီကို သူဌေးသမီး ဆိုပြီး အရယူခဲ့တဲ့
စန္ဒီယောက်ျားကတော့ ပါလာသမျှ
ပစ္စည်းတွေ သုံးဖြုန်းတော့တယ် ..ပစ္စည်းတွေ ကုန်သွားလိုက် စန္ဒီကို မိဘတွေရှိ
တောင်းခိုင်းလိုက်နဲ့ လုပ်လာတော့ ..
စန္ဒီ စိတ်ညစ်လာရတယ် ..သူ့ယောက်ျားရဲ့ မကောင်းတဲ့ အကျင့်
စိတ်ဓာတ်ကို သိလာရတော့ တဖြေးဖြေးနဲ့
စိတ်ကုန်လာရတော့တယ် ..ဒီစိတ်တွေနဲ့ပဲ လုံးပါးပါးပြီး နောက်ဆုံး စန္ဒီ
အိပ်ယာပေါ် ဘုံးဘုံး လဲတော့တယ် ." မိုင် လာအုန်း မာမီအနားကို "
အိပ်ယာပေါ်ကနေ စန္ဒီ မိုင်ကို လက်ပြပြီး
လှမ်းခေါ်လိုက်တယ် ..

YOU ARE READING
He & His
Fantasyကိုယ် ပိုက်ဆံရှာဖို့ တာဝန်ယူတယ် မင်း အဲဒီပိုက်ဆံတွေကို သုံးပေးဖို့ တာဝန်ယူပေးပါ MEW Suppasit... တကယ်လို့ U MEWထက်ငယ်တဲ့ သူနဲ့ တွဲဖို့ မရှက်ဘူးဆိုရင် ကျနော်ကို အခွင့်အရေးပေးလို့ရမလား Gulf Kanawut... ကိုယ် ပိုက်ဆံရှာဖို့ တာဝန်ယူတယ် မင်း အဲဒီပိုက်ဆ...