He &His ( Part 13)

760 51 0
                                    

He & His [ Part 13 ] 

ဖုန်းနံပါတ်က  သူမသိတဲ့ နံပါတ်ဖြစ်နေတာမို့
MEW  မကိုင်ချင်ကိုင်ချင်နဲ့ ကိုင်လိုက်မိတယ်

" ကျတော် Gulf သူငယ်ချင်း Champပါ "

Champ လို့
ပြောလိုက်တော့ MEW အံ့ဩသွားတယ် ..

သူနဲ့ တခါမှ စကားမပြောဖြစ်ခဲ့တဲ့ Gulf ရဲ့သူငယ်ချင်း ပြီးတော့ မိုင်ရဲ့ အမျိုးသား ..

ဘာအတွက်များလိမ့် ..

ဘာအတွက်ပဲဖြစ်ဖြစ် Gulf အကြောင်း
ပြောစရာ ရှိလို့ဆိုတဲ့ စကားတခွန်းနဲ့
MEW အရာအားလုံးကိုမေ့သွားရတယ် ..

ဒီနေ့ Gulf ဆေးရုံသွားရတဲ့နေ့
သူ လိုက်သွားချင်ပေမယ့် မလိုက်ခဲ့နဲ့လို့
Gulfစကားတခွန်ကြောင့်
သူ စိတ်မသက်မသာဖြစ်နေရတဲ့ နေ့ ..

ဒီလိုအချိန်မှာ Gulf သူငယ်ချင်းက
တွေ့ချင်လို့ ဆိုလာတာကြောင့်
MEW လုပ်လက်စ အလုပ်တွေ
အားလုံး  မြတ်သူနဲ့ ထားခဲ့လိုက်တော့တယ် ..

ချိန်းထားတဲ့ ဆိုင်လေးမှာ
သူအရင်ရောက်နေပြီး
Champ နဲနဲတော့ စိတ်လှုပ်ရှားနေရတယ် ..

U MEW ဆိုတာ Gulfပြောလို့
နာမည်ပဲ သိတာ
လူကိုတော့ တခါမှ မတွေ့ဘူးခဲ့တယ် ..
မိုင်ရဲ့ နာရေးတုန်းကတော့ လာပေမယ့်
Champ မှာလည်း အာရုံတွေ နောက်ပြီး စကားပင်မပြောဖြစ်လိုက်ကြရတယ် ..

ဆိုင်ရှေ့မှာ ကားရပ်ပြီး ဆိုင်ထဲကိုဝင်လာတဲ့
MEW ကို Champ ငေး ကောင်းကောင်းနဲ့
ငေးကြည့်နေမိတယ်  ..

" Hello .. ဒီက ညီလေးက Champလား "

" ဟုတ် U MEW မဂ်လာပါ ကျနော် Champပါ "

သူ့ကို အရင် လက်ကမ်းပြီး နှုတ်ဆက်လိုက်တာမို့ Champ မတ်တပ်ရပ်ပြီး MEW ကိုနှုတ်ဆက်လိုက်တယ် ..

" ထိုင် ညီလေး ထိုင်  "

" မိုင် အမျိုးသားဆိုတာ သိပေမယ့် ကိုယ်တို့
တခါမှ မဆုံဘူး ဘူး နော်  ..
ကိုယ်ကလည်း KoK တို့အိမ်ကို
အရောက်နဲတယ်"

" ဟုတ် နာရေးတုန်းက ကျတော်လည်း
အာရုံတွေ များနေတော့
မနှုတ်ဆက်လိုက်ရဘူး"

"  ဒီနေ့ Gulf ဆေးရုံ ပြန်ပြရတာ
U MEW သိလား"

" သိတယ် Champ ..
Gulfဘာဖြစ်နေလည်းမသိပါဘူးကွာ
ကိုယ့်အပေါ် စိမ်းနေတယ် .. "

He & HisWhere stories live. Discover now