He & His (Part 7)

660 48 4
                                    

Unicode

He & His [ Part 7 ] 

Grace ကော်ဖီဆိုင်ရဲ့ အတွင်းကျကျနေရာမှာ
ထိုင်နေရင်း လည် တမျှော် မျှော်
ဖြစ်နေရတယ် ..

ရှုတင်အားရက်လည်း ဖြစ်နေ ပြီးတော့
Grace သိချင်နေတဲ့ ကိစ္စ လည်း
ရှိနေတာကြောင့် သူ့နဲ့ တွေ့ဖို့ ချိန်းထားတဲ့  P'Sam ကို သူစောင့်နေမိတယ် ..

ဟော !  လာပါပြီ  P'Sam ..

" ဘယ်လိုလည်း P'  သိ့ခဲ့ရလား "

သူ့အတွက် Grace မှာထားပေးတဲ့ အအေးကို
မော့သောက်လိုက်ရင်း Sam ခေါင်းညိတ်
ပြလိုက်တယ် ..

" ဟူး မလွယ်ဘူး Grace ရ ဒီပုဂ္ဂိုလ်က
သူ့ သတင်းက  တော်တော်လေးကို
လိုက်ရတယ်"

" ကဲပါ သူနာမည်ကြီး မကြီးတာ ထား
Grace  သိချင်တဲ့ လိုရင်းကိုသာပြော "

" အင်းပါ အိမ်ထောင်မရှိဘူး ခုထိ လူလွတ်ပဲ
စီးပွားရေးလုပ်ငန်းတွေက
Grace သိပြီးသားပဲ
သူ ဘန်ကောက်မှာနေတဲ့ အိမ်က ... အဲဒီမှာ
ပြီးတော့ ... .  အဲဒီမှာလည်း ခြံကြီး
တခြံ ရှိတယ်
အဲဒါကတော့ သက်သက်အပန်းဖြေဖို့
ထားတာ...
တခြား မိန်းမအရှုပ်အရှင်းတော့ မရှိဘူးကွ

အဲ ဒါပေမယ့် ခုတလော ကျောင်းသား
ငယ်ငယ်လေးတယောက်နဲ့တော့ တွဲသွား
တွဲလာ ရှိနေတယ်တဲ့ ..
အဲဒီ ကောင်လေးအပေါ်တော့
MEW Suppasit ဆိုတဲ့ သူက
တော်တော်လေး အလေးထား
ဂရုစိုက်တယ်လို့လည်း ပြောကြတယ် .. "

P'Sam ပြောသမျှ Grace ‌ သေချာ
နားထောင်နေမိတယ် ..

Gulf  ကားတစီးနဲ့ ပိတ်ရက်တိုင်း
အပြင်ထွက်တတ်တာ မိခင် ပြန်ပြောလို့
Grace သိခဲ့ရတယ် .. 
သူ စုံစမ်းကြည့်လိုက်တော့ Gulf တခြား
မဟုတ်တာတော့ ဘာမှမလုပ် ..
ဒါပေမယ့် လူတယောက်နဲ့ တွဲနေတဲ့
သတင်းတော့သူ သိခဲ့ရတယ် ..

အဲဒီလူကလည်း  တကယ်ကို ဒိတ်ဒိတ်ကြဲ
စီးပွားရေး လုပ်ငန်းရှင်ကြီး ..
သူ့ ဘဏ်လုပ်ငန်း‌တွေ အတွက်တောင်
Grace နဲ့ အလုပ် လုပ်ခဲ့ဖူးသေးတယ် ..

ဒီလို လူက သူ့မောင်လို ကောင်လေးကို
ဘာသဘောနဲ့  အဆက်အဆံလုပ်နေတာလဲ
ဒီအသက်အရွယ်ထိ ရောက်နေတာ သူ့မှာ
အိမ်ထောင်ဘာညာ မရှိဘူလား ..

He & Hisحيث تعيش القصص. اكتشف الآن