He & His ( Part 9)

703 48 1
                                    

He & His [ Part 9 ] 

MEW Suppasit ၏ အတိတ်သို့  . . . 👉

. . . ဒေသလေးမှာ ဦးစိုင်းနော် ဒေါ်ခမ်းမွန်
ဆိုတာမသိသူမရှိ  မြို့မျက်နှာဖုံး
သူဌေးလင်မယား ..
သားသမီးဆိုလို  စန္ဒီလို့ ခေါ်တဲ့
သမီးတယောက်ရှိတယ် ..

ဥယျာဉ်ခြံတွေ စိုက်ခင်းတွေ အများအပြားကို
ပိုင်ဆိုင်တဲ့ ယာရှင်ကြီးတွေဆိုလည်းမမှား

အဲဒီသူတို့ရဲ့ လယ်တွေယာတွေကို ဦးစီးပြီး
လုပ်ကိုင်ပေးနေတဲ့သူက သူတို့ရဲ့ လူယုံကြီး
ဦးအေလာ  .. 
ဦးအေလာ ကတော့ လူမျိုးစပ်တယောက်

ရေကြည်ရာ မြက်နုရာ အလုပ်
လျှေက်လုပ်ရင်း
ဒီဒေသလေးကို ရောက်လာရတယ် ..

ဦးစိုင်နော်တို့ ယာခင်းထဲမှာ ခြံအလုပ်သမား
လ်ုပ်ကိုင်နေရင်း  ဦးစိုင်နော်တို့အိမ်က 
ဒေါ်နန်းထွေးနဲ့ အကြောင်းပါခဲ့တော့တယ် ..

ဦး‌အေလာ ဒေါ်နန်းထွေးတို့ လင်မယားမှာ
သားလေးတယောက် ထွန်းကားခဲ့ကြတယ်..

သူကတော့
MEW Suppasit ဆိုတဲ့  ကောင်လေး

ဦးအေလာသွေးပါတော့ ရုပ်ရည်လေးက
ငယ်ငယ်ကတည်းက ချစ်စရာကောင်းခဲ့တယ်

MEW ဟာ လိမ္မာရေးခြား ရှိပြီး
စာလည်းတော်တဲ့ကောင်လေးတယောက် ..

သမီးမိန်းကလေးပဲ ရှိပြီး
သားယောက်ျားလေးမထွန်းကားခဲ့တဲ့
ဦးစိုင်နော်နဲ့ ဒေါ်ခမ်းမွန်တို့ လင်မယားဟာ MEW ကို သားသမီးအရင်းလို
ချစ်ခင်ခဲ့ကြတယ် ..

ဦးစိုင်းနော်တို့ MEW အပေါ် ဒီလိုတွေ
သဒ္ဒါပိုလေMEW ကို ကြည့်မရ မုန်းလေ
ဖြစ်နေတဲ့သူက စန္ဒီ

" သမီး စန္ဒီ ဘာဖြစ်လို့ MEW အပေါ်
မုန်းနေရတာလည်း. သမီး ..
သူမိဘတွေက ဖော တို့အတွက် တန်ဖိုးရှိတဲ့
သူတွေ သူတို့ သစ္စာရှိရှိ လုပ်ကိုင်ပေးနေလို့

ဖောတို့ သမီးတို့ ဒီလို အေးဆေးနေနိုင်တာ"

" အို ဖောကလည်း သူတို့က ဖော အလကား
ခိုင်းထားတာမှ မဟုတ်တာ
အခပေးထားတာပဲ "

" သမီး သမီး အဲလို မပြောရဘူးကွဲ့ ..
သူတို့ ဖော့တို့ မဲ့ တို့အပေါ်မှာ ထားတဲ့
မေတ္တာစေတနာကို ငွေကြေးနဲ့
တိုင်းလို့မရဘူး "

He & HisOnde histórias criam vida. Descubra agora