He & His (Part 6)

721 45 2
                                    

Unicode

He &His [ Part 6 ]

" လက်ထပ်ဖိတ်စာရလာပြီတဲ့
ဒီမှာကြည့်ပါအုန်း မရွှေမှုံရေ "

Champ အမေ အန်တီနွယ် ယူလာပြတဲ့
မဂ်လာဖိတ်စာကို Gulf ပါယူပြီး
ကြည့်လိုက်တယ် ..

" တကယ့်ကို ဆွေးမရှိမျိုးမရှိ ကြည့်ပါအုန်း"

ဟုတ်ပါရဲ့ Champ ကလည်း ဘာအတွေးနဲ့
ဒီလိုမျိုး ဖိတ်စာ ရိုက်တာမှန်း Gulf တွေးမရ..

နှစ်ဘက်မိဘ ဆွေမျိုးဘာညာ ဘာမှမပါပဲ

ကျွန်တော် ကျွန်မတို့ရဲ့ မဂ်လာပွဲကို
ကြွရောက်ချီးမြှင့်ပေးကြပါ ဆိုပြီး
အောက်ဆုံးမှာတော့ ..

Champ နဲ့ မိုင် ဆိုပြီ သူတို့နှစ်ယောက် နာမည်သာ

" ဒီလို ချွေးမမျိုးနဲ့ တစ်အိမ်ထဲ ဘယ်လို
အတူနေရမလည်း မရွှေမှုံရယ် ..

သူ့လက်ကို အားကိုးတကြီး ကိုင်ပြီး
မျက်ရည်လေးစမ်းစမ်း စမ်းစမ်း ဖြစ်နေတဲ့
ဒေါ်နွယ်နွယ်ကို ဒေါ်ရွှေမှုံ ဘယ်လိုနှစ်သိမ့်
ပေးရမှန်း မသိ ဖြစ်နေရတယ် ..

Gulfကတော့ ညနေ Champ ကိုတော့ အကျိုးအကြောင်း မေးကြည့်အုန်းမှပဲလို့
စဉ်းစားလိုက်တယ် ..

ညနေဘက် Champ ကို တွေ့တာနဲ့ Gulf
သူ့အိမ်ဘက်ကိုခေါ်ပြီး ဒန်းပေါ်မှာ ထိုင်ရင်း ဖိတ်စာအကြောင်း စကားပြောမိကြတယ်

" ဟုတ်တယ် Gulf မိုင်က သူ့မိဘတွေနာမည်
မထည့်ချင်ဘူးပြောတာနဲ့ ငါလည်း
မထည့်တော့တာ .. "

" မင်းကလည်းကွာ သူ့က မိဘမရှိလို့
မထည့်ချင်ဘူးဆိုတာက ထားပါတော့ ..
မင်းမှာက သက်ရှိအမေတယောက်လုံး ရှိ‌တယ်လေ
မင်းကပါ အဲလို လုပ်တော့ အန်တီနွယ်
ဘယ်စိတ်ကောင်းပါ့မလဲ "

သူပြောတာကို မျက်နှာငယ်လေးနဲ့ ငြိမ်ပြီး
Champ နားထောင်နေတာ တွေ့ရပြန်တော့
Gulfစိတ်မကောင်းဖြစ်မိပြန်တယ် ..

" ကဲပါ ထားလိုက်ပါတော့ မင်းလည်း
လက်ထပ်တော့မှာဆိုတော့ အရင်လို
လမ်းများမနေနဲ့တော့ "

Champ မျက်နှာမကောင်းတာကြည့်ပြီး
Gulf လည်း ဆက်ပြောမနေတော့ပဲ တခြားသာ
စကားလွဲလိုက်တော့တယ် ..

He & HisTempat cerita menjadi hidup. Temukan sekarang