ရွံ့ပေနေသော သူမခြေထောက်ကို စိတ်ရှည်လက်ရှည်နဲ့ရေဆေးပေးနေသော သူ့ကို Mary
အချိန်အတော်ကြာတဲ့ထိငေးကြည့်နေမိသည်" ကိုတို့အခုပဲ ဒီနေရာကနေထွက်သွားကြမယ်နော်"
သူ မေရီ့ကိုမော့ကြည့်ပြီးပြောလိုက်တော့
Mary မျက်နှာက လိုချင်တာရသွားတဲ့ကလေးငယ်တစ်ယောက်လိုပြုံးပျော်သွားခဲ့သည်
သူ့မျက်နှာကတော့တစ်စုံတစ်ရာကိုထိန်းချုပ်နေရသလိုမျိုးတည်ငြိမ်နေလျက်
ကလေးဆိုးတစ်ယောက်ကိုထိန်းနေရတဲ့ အဖေတစ်ယောက်နဲ့ပိုတူနေခဲ့တယ်
" သဲငယ် ကို့ကိုဒီမှာခဏစောင့်နော် ကိုလိုတာလေးတွေသွားပြန်ယူမလို့ "
သူပြောလိုက်တဲ့စကားကြောင့်Maryထိပ်ခနဲဖြစ်သွားခဲ့သည်
Mary ဒီနေရာကြီးမှာတစ်ယောက်တည်းမစောင့်နေချင်ဘူး
" သဲငယ်လည်းတူတူလိုက်ခဲ့မယ်လေ"
Mary ပြောတဲ့စကားကိုသူခေါင်းတွင်တွင်ခါယမ်းရင်း" ကို့ဦးလေးတွေရိပ်မိသွားရင် ကိုတို့ခိုးပြေးမှာကိုရိပ်မိနေမယ်.... ကိုပြန်လာခဲ့မှာပါ"
သူပြောတဲ့စကားကို Mary အသာအယာခေါင်းညိမ့်ပြလိုက်သည်
အဲ့ဒီ့အခိုက်အတန့်မှာ
ဘာရယ်ကြောင့်မသိ
Mary စိတ်ထဲအတော်လေးအားငယ်နေခဲ့တယ်မိုးပြိုမှာကြောက်တဲ့ စာငယ်တစ်ကောင်လို သူ့ကျောပြင်ကို မေရီကိုငေးကြည့်နေခဲ့မိတယ်
ညနေကအတော်လေးမှောင်လာခဲ့သည်
သူထွက်သွားတာလည်းအတော်လေးကြာသွားခဲ့ပြီ
mp4နာကြပ်ကိုဖြုတ်ရင်း
ခပ်ကျုံ့ကျုံ့ထိုင်နေခဲ့ရာမှ mary အချိန်ကိုကြည့်လိုက်တော့ ည ၇:၀၀ ထိုးပြီသူထားခဲ့တဲ့လမ်းဘေးကဆိုင်ခန်းဟောင်းလေးမှာ Mary တဖဝါးမှမခွာပဲစောင့်နေခဲ့တယ်
ခပ်ကြမ်းကြမ်းတိုက်ခတ်တဲ့လေထုထဲမှ မိုးမှုန်မွှားတွေ က မေရီ့မျက်နှာကိုလာစင်သည်
လမ်းမပေါ်မှာလည်းကားအသွားအလာကအတော်လေးကျဲသွားခဲ့ပြီ

ВЫ ЧИТАЕТЕ
The Old Me & You
Детектив / Триллерအတိတ်တွေထဲမှာ သိပ်ချစ်ခဲ့တဲ့တစ်စုံတစ်ယောက်ရှိခဲ့တယ်ဆိုပါတော့ Accident တစ်ခုကြောင့် အချိန်တွေနောက်ပြန်ဆုတ်ပြီးထိုတစ်စုံတစ်ယောက်ဆီကို ပြန်ရောက်သွားတဲ့အခါ ဘယ်လိုနေမလဲ